“ကိုရွှေသံ (မြန်မာစာ)” ရေးသားသည့် “မြစ်ဧရာနဒီကြောဝယ်” စာအုပ်သစ် ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။
အဆိုပါစာအုပ်သည် ၂ဝ၁၅ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် လူငယ်စာပေ ဒုတိယဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ် အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။
“ကိုရွှေသံ (မြန်မာစာ)” ၏ “မြစ်ဧရာနဒီကြောဝယ်” စာအုပ်သည် လူငယ်သဘာဝ သူငယ်ချင်း အပေါင်းအဖော်များနှင့်ကစားကြ၊ ရန်စောင်ကြ၊ ကြည်နူး ပျော်ရွှင်ကြပုံ၊ စိတ်ခံစားမှုအလျောက် ပတ်ဝန်းကျင်နှင့်သဟဇာတဖြစ်သည်လည်းရှိ၊ အမြင်စောင်းခံရသည်လည်းရှိပုံတို့ကို မြစ်ကမ်းနံဘေး က မြို့ကလေးကို နောက်ခံထားသည့် ဝတ္ထုဖြစ်သည်။
မြစ်ကမ်းနံဘေးနေသူများပီပီ ဝမ်းစာအရေး ဖား၊ ငါး ရှာဖွေကြ၊ ကောက်သင်းကောက်ကြရင်း ဘဝ ဝမ်းကျောင်းနေရဆဲ ပြောင်းလဲဖဲ့စားလာသည့် မြစ်ကြောင်းကြောင့် နေစရာတဲဘုံဗိမ္မာန်လေးများ ပျောက်ကွယ်သွားရသည့်အတွက် ကူကယ်ရာမဲ့ ဒုက္ခမျိုးစုံကြုံရပုံ၊ အရေးကြီးသည့်အခါမှာတော့ သွေးစည်းရင်ဆိုင်တတ်ကြပုံတို့ကို ရေးဖွဲ့ထားသည့် လူငယ်သရုပ်ဖော် ဇာတ်လမ်းကောင်း ဖြစ်ပေသည်။
အဆိုပါစာအုပ်ကို အမှတ်
၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၈၂၄၉၀၃၁၊ ဝ၁-၈၃၈၁၄၄၈)
စာပေဗိမာန်စာအုပ်ဆိုင်မှ တန်ဖိုး ၁၃၀၀ ကျပ်ဖြင့် ဖြန့်ချိပြီး နေပြည်တော်
သပြေကုန်းစျေးရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၃၄၁၄၆၈၁)၊
မန္တလေးမြို့ ၈၆ လမ်း (၂၁ လမ်းနှင့် ၂၂ လမ်းကြား) ရှိ
စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၂-၄၀၃၀၁၈၆) တို့နှင့် အမြို့မြို့ရှိ
စာပေဗိမာန် ကိုယ်စားလှယ်ဆိုင်များ တွင် ဝယ်ယူရရှိနိုင်ပါသည်။
လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း
ဝ၁-၈၂၄၉၀၃၁၊ ဝ၁-၈၃၈၁၄၄၈) စာပေဗိမာန် စာအုပ်ဆိုင်သို့ ဆက်သွယ်နိုင်ကြောင်း
သိရသည်။