''ပင်မြင့်စံ (ရွှေဘို)'' ရေးသားသည့် “နားခိုရာမဲ့သူ၏ လောကနိဗ္ဗာန်ဘုံ” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။
အဆိုပါစာအုပ်သည် ၂ဝ၁၈ ခုနှစ်အတွက် ပခုက္ကူစာပေဆုပြိုင်ပွဲတွင် ဝတ္ထုရှည် ပထမဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။
“ပင်မြင့်စံ (ရွှေဘို)” ၏ “နားခိုရာမဲ့သူ၏ လောကနိဗ္ဗာန်ဘုံ” စာအုပ်သည် မိဘနှစ်ပါး၏ အိမ်ထောင်ရေးပြိုကွဲရာမှ မြေစာပင်ဖြစ်ရသော သားငယ် တစ်ဦး၏ ခံစားချက်ကို ကရုဏာစိတ်နှင့် ရေးဖွဲ့ထားသည်။ မိခင်နှင့် ဖခင်တို့၏ အိမ်ထောင်ရေး အဆင်မပြေမှုဖြစ်ရာမှ နွေးထွေးသည့် မိသားစုမေတ္တာ မရရှိဘဲ လမ်းမှားရောက်သွားသည့် လူငယ်တစ်ယောက်၏ ဘဝကို ရသမြောက်စွာ ရေးသားထားခြင်းဖြစ်သည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပေသည်။
အဆိုပါစာအုပ်ကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၈၂၄၉၀၃၁၊ ဝ၁-၈၃၈၁၄၄၈) စာပေဗိမာန်စာအုပ်ဆိုင်မှ တန်ဖိုး ၆၀၀ ကျပ်ဖြင့် ဖြန့်ချိပြီး နေပြည်တော် သပြေကုန်းစျေးရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၃၄၁၄၆၈၁)၊ မန္တလေးမြို့ ၈၆ လမ်း (၂၁ လမ်းနှင့် ၂၂ လမ်းကြား) ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၂-၄၀၃၀၁၈၆) တို့နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်ဆိုင်များ တွင် ဝယ်ယူရရှိနိုင်ပါသည်။ လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၈၂၄၉၀၃၁၊ ဝ၁-၈၃၈၁၄၄၈) စာပေဗိမာန် စာအုပ်ဆိုင်သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။