“မောင်ကြည်ဇော် (စာဂ)” ရေးသားသည့် “ထာဝရလန်းဆန်း မညှိုးပန်း ကဗျာများ” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။
အဆိုပါစာအုပ်သည် ၂ဝ၁၅ ခုနှစ်အတွက် ပခုက္ကူဦးအုံးဖေစာပေဆုပြိုင်ပွဲတွင် ကဗျာပေါင်းချုပ် ဒုတိယဆုရစာမူ ဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။
“မောင်ကြည်ဇော် (စာဂ)” ရေးသားသည့် “ထာဝရလန်းဆန်း မညှိုးပန်း ကဗျာများ” စာအုပ်တွင် မြန်မာ့ဘဝ၊ မြန်မာ့အလှ၊ မြန်မာ့သဘာဝဘွဲ့ကဗျာပေါင်း (၆၄) ပုဒ် ပါဝင်သည်။ မြန်မာ့ရိုးရာ ကဗျာစပ်နည်း၊ စပ်ထုံးများဖြင့် တန်ဆာဆင်ရေးဖွဲ့ထားပြီး လူမှုဘဝဓလေ့ကို ခေတ်အမြင် ရှုထောင့်မှ ရေးသားစပ်ဆိုထားသည့် အကြောင်းအရာများပါဝင်ပေရာ မြန်မာကဗျာ ချစ်မြတ်နိုးသူများအဖို့ မဖြစ်မနေ ဖတ်ရှုသင့်သည့် ကဗျာများဖြစ်ပေသည်။
အဆိုပါစာအုပ်ကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၈၂၄၉၀၃၁၊ ဝ၁-၈၃၈၁၄၄၈) စာပေဗိမာန်စာအုပ်ဆိုင်မှ တန်ဖိုး ၁၀၀၀ ကျပ်ဖြင့် ဖြန့်ချိပြီး နေပြည်တော် သပြေကုန်း စျေးရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၃၄၁၄၆၈၁)၊ မန္တလေးမြို့ ၈၆ လမ်း (၂၁ လမ်းနှင့် ၂၂ လမ်းကြား) ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၂-၄၀၃၀၁၈၆) တို့နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်ဆိုင်များ တွင် ဝယ်ယူရရှိနိုင်ပါသည်။ လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၈၂၄၉၀၃၁၊ ဝ၁-၈၃၈၁၄၄၈) စာပေဗိမာန် စာအုပ်ဆိုင်သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။