“လွင်မြန်မာ (မန်းတက္ကသိုလ်)” ရေးသားသည့် “မြန်မာ့ရိုးရာရွဲကစားခြင်း အတတ်ပညာနှင့် ရွဲအသုံးပဒေသာ” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။
အဆိုပါစာအုပ်သည် ၂ဝ၁၇ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် သုတပဒေသာ (ဝိဇ္ဇာ) ပထမဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။
“လွင်မြန်မာ (မန်းတက္ကသိုလ်)” ၏ “မြန်မာ့ရိုးရာရွဲကစားခြင်း အတတ်ပညာနှင့် ရွဲအသုံးပဒေသာ” စာအုပ်သည် ရွဲဝေါဟာရ၊ ရွဲသမိုင်း၊ ရွဲပြုလုပ်ပုံ၊ ဘာသာရေး၊ လူမှုရေး၊ အနုပညာရေးများတွင် ရွဲလုံးအလှများ ပါဝင်နေပုံ၊ မြန်မာစာပေတွင် ရွဲဝေါဟာရအသုံးများစွာ ပါဝင်ကြောင်း စာပေအထောက်အထားများဖြင့် တင်ပြထားသည်။
ရွဲကစားခြင်းသည် ခြင်းခတ်သကဲ့သို့ အဖွဲ့လိုက်ခတ်ကစားခြင်းမျိုးမဟုတ်ဘဲ ရွဲကိုတစ်ဦးတည်းသာ ခတ်ကစားရပုံ၊ ဦးခေါင်း၊ လက်၊ ခါး၊ ခြေ စသည့် အင်္ဂါအစိတ်အပိုင်းများ၌ အရေးပါသော ဟန်ပန်အမူအယာများ ဖန်တီးရစားရပုံ၊ ရွဲကစားနည်း ၈၉ နည်း ကစားပုံများ၊ ရှေးခေတ်၊ ယခုခေတ်ခြင်းရွဲပညာရှင် ၂၃ ဦး အကြောင်းတို့ကို မှတ်တမ်းဓာတ်ပုံများ၊ ကျမ်းကိုးအထောက်အထား များဖြင့် ရေးသားထားခြင်းဖြစ်ရာ စာဖတ်သူများ၏ စာအုပ်စင်တွင် မဖြစ်မနေထားရှိသင့်သည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပေသည်။
အဆိုပါစာအုပ်ကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၈၂၄၉၀၃၁၊ ဝ၁-၈၃၈၁၄၄၈) စာပေဗိမာန်စာအုပ်ဆိုင်မှ တန်ဖိုး ၂၀၀၀ ကျပ်ဖြင့် ဖြန့်ချိပြီး နေပြည်တော် သပြေကုန်းစျေးရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၃၄၁၄၆၈၁)၊ မန္တလေးမြို့ ၈၆ လမ်း (၂၁ လမ်းနှင့် ၂၂ လမ်းကြား) ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၂-၄၀၃၀၁၈၆) တို့နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်ဆိုင်များ တွင် ဝယ်ယူရရှိနိုင်ပါသည်။ လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၈၂၄၉၀၃၁၊ ဝ၁-၈၃၈၁၄၄၈) စာပေဗိမာန် စာအုပ်ဆိုင်သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။