ကေ (တောင်တန်းပြာ) ရေးသားသည့် အောက်ချင်းငှက်ကလေးရဲ့ဒဏ္ဍာရီနှင့် အခြား၀တ္ထုများ စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိလိုက်ပြီ ဖြစ်ပါသည်။
အဆိုပါစာအုပ်သည်
၂ဝ၁၄ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် ၀တ္ထုတိုပေါင်းချုပ်
ပထမဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ်
ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။
အောက်ချင်းငှက်ကလေးရဲ့ဒဏ္ဍာရီနှင့် အခြား၀တ္ထုတိုများ
စာအုပ်တွင် ၀တ္ထုတို ဆယ့်ရှစ်ပုဒ် ပါဝင်သည်ကို တွေ့ရသည်။ စာရေးသူက
ချင်းပြည်နယ်ဒေသရှိ ရိုးရာဓလေ့များကို အများဆုံး ရေးဖွဲ့တင်ပြထားသည်။
စာရေးသူမှာ သမ္ဘာရင့်စာရေးဆရာတစ်ဦးဖြစ်ပြီး ဇာတ်အိမ်ဖွဲ့ရာ၌
မြေပြန့်မှဆရာများ မသိနိုင်သည့် ရိုးရာဓလေ့ထုံးတမ်းစဉ်လာများဖြင့်
အများဆုံး ရေးဖွဲ့ထားသည် ကို တွေ့ရသည်။ အခြားစာမူများနှင့်ယှဉ်၍
ဖတ်ကြည့်ရာ၌ ဆရာ၏၀တ္ထုတိုများက ဆွဲဆောင်အား ပိုမိုအားကောင်းသည်ကို
တွေ့ရှိရသော စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။
အဆိုပါစာအုပ်ကို အမှတ်
၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၂၄၉၀၃၁၊ ဝ၁-၃၈၁၄၄၈)
စာပေဗိမာန်စာအုပ်ဆိုင်မှ တန်ဖိုး ၁၉၀၀ ကျပ်ဖြင့် ဖြန့်ချိပြီး နေပြည်တော်
သပြေကုန်းစျေးရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၄၁၄၆၈၁)၊ မန္တလေးမြို့
၈၆ လမ်း (၂၁ လမ်းနှင့် ၂၂ လမ်းကြား) ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း
ဝ၂-၃၀၁၈၆) တို့နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်ဆိုင်များတွင်
ဝယ်ယူရရှိနိုင်ပါသည်။ လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊
ရန်ကုန်မြို့ (ဖုန်း ဝ၁-၂၄၉၀၃၁၊ ဝ၁-၃၈၁၄၄၈) စာပေဗိမာန်စာအုပ်ဆိုင်သို့
ဆက်သွယ်နိုင်ကြောင်း သိရသည်။