''ယိမ်းနွဲ့လျှံ'' ရေးသားသည့် ''ရွှေစင်တစ်ရစ် မြတစ်ရစ် ဝတ္ထုတိုများ'' စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။
အဆိုပါစာအုပ်သည် ၂ဝ၁၇ ခုနှစ်အတွက် ပခုက္ကူဦးအုံးဖေစာပေဆုပြိုင်ပွဲတွင် ဝတ္ထုတိုပေါင်းချုပ် ပထမဆုရ စာမူ ဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။
''ယိမ်းနွဲ့လျှံ'' ၏ ''ရွှေစင်တစ်ရစ် မြတစ်ရစ် ဝတ္ထုတိုများ'' စာအုပ်သည် မိဘတို့၏ သားသမီးအတွက် လူမှုဝန်းကျင် နယ်ပယ်အသီးသီးမှ ဓလေ့စရိုက်များ၊ အကျင့်သီလများ၊ စာနာမှုများ၊ ဝိသမလောဘသား တို့၏ ကိုယ်ကျိုးရှာမှုများ ရုန်းကန်လှုပ်ရှားရပုံများကို သရုပ်ဖော်ရေးဖွဲ့ထားသည့် စာဆိုစစ်သည် တစ်ဉီးပီပီ ရှေ့တန်းစစ်မြေပြင်မှ စစ်သည်တို့၏ နှလုံးသား စွန့်လွှတ်အနစ်နာခံခြင်း၊ လောကဓံလှိုင်းနှင့် ရင်ဆိုင်ရသည့်တိုင် အားမပျော့၊ ဇွဲမပျော့ခြင်းတို့ကိုလည်း လှစ်ဟတင်ပြထားပေသည်။
အဆိုပါစာအုပ်ကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၈၂၄၉၀၃၁၊ ဝ၁-၈၃၈၁၄၄၈) စာပေဗိမာန်စာအုပ်ဆိုင်မှ တန်ဖိုး ၇၅၀ ကျပ်ဖြင့် ဖြန့်ချိပြီး နေပြည်တော် သပြေကုန်း စျေးရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၃၄၁၄၆၈၁)၊ မန္တလေးမြို့ ၈၆ လမ်း (၂၁ လမ်းနှင့် ၂၂ လမ်းကြား) ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၂-၄၀၃၀၁၈၆) တို့နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်ဆိုင်များ တွင် ဝယ်ယူရရှိနိုင်ပါသည်။ လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၈၂၄၉၀၃၁၊ ဝ၁-၈၃၈၁၄၄၈) စာပေဗိမာန် စာအုပ်ဆိုင်သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။