''မြတ်ဝေတိုး (ပညာရေးတက္ကသိုလ်)'' ရေးသားသည့် ''ကယားတို့၏ ဘ၀ဓလေ့'' စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။
အဆိုပါစာအုပ်သည် ၂ဝ၁၇ ခုနှစ်အတွက် ပခုက္ကူဦးအုံးဖေစာပေဆုပြိုင်ပွဲတွင် သုတေသနစာပေဆု ပထမဆုရ စာမူ ဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။
''မြတ်ဝေတိုး (ပညာရေးတက္ကသိုလ်)'' ၏ ''ကယားတို့၏ ဘ၀ဓလေ့'' စာအုပ်သည် ကယား တိုင်းရင်းသားတို့၏ ရိုးရာဓလေ့ကို ကိုယ်တိုင်ကွင်းဆင်းလေ့လာ၊ သုတေသနပြု၍ ရိုးရာဓလေ့ အစစ်အမှန် တင်ပြထားသည်။ ဆရာမြတ်ဝေတိုးသည် ကယားလူမျိုး ဆင်းသက်လာပုံ၊ ကယားပြည် နယ်ဖွဲ့စည်းပုံ၊ ဖွံ့ဖြိုးတိုးတက်လာပုံ၊ ကယားလူမျိုးတို့၏ ဓလေ့ထုံးစံ၊ ယုံကြည်မှု၊ ရှေးဟောင်းပုံပြင်၊ မျိုးချစ်ခေါင်းဆောင်၊ ပြည်နယ်အလှ၊ နိုင်ငံရေးတိုးတက်မှု၊ လူမှုရေးထူးချွန်မှုတို့ကို စေ့စေ့စပ်စပ် လေ့လာကာ သွေးချင်းတိုင်းရင်းသားတို့၏ ဘ၀ဓလေ့ကို ရေးသားတင်ပြထားရာ ကယားတိုင်းရင်းသား တို့အကြောင်း လေ့လာလိုသူများအတွက် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပေသည်။
အဆိုပါစာအုပ်ကို
အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၂၄၉၀၃၁၊ ဝ၁-၃၈၁၄၄၈)
စာပေဗိမာန်စာအုပ်ဆိုင်မှ တန်ဖိုး ၁၃၀၀ ကျပ်ဖြင့် ဖြန့်ချိပြီး နေပြည်တော်
သပြေကုန်း စျေးရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၄၁၄၆၈၁)၊
မန္တလေးမြို့ ၈၆ လမ်း (၂၁ လမ်းနှင့် ၂၂ လမ်းကြား) ရှိ
စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၂-၃၀၁၈၆) တို့နှင့် အမြို့မြို့ရှိ
စာပေဗိမာန် ကိုယ်စားလှယ်ဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါသည်။
လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း
ဝ၁-၂၄၉၀၃၁၊ ဝ၁-၃၈၁၄၄၈) စာပေဗိမာန် စာအုပ်ဆိုင်သို့ ဆက်သွယ်နိုင်ကြောင်း
သိရသည်။