''မင်းချစ်ကွန်း (သံဖြူဇရပ်)'' ရေးသားသည့် ''သတ္တိသွေးနှင့် ဓမ္မအလှ၊ မြန်မာ့အလှ၊ ဆရာ့ဘ၀ ကဗျာများ'' စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေ ဖြန့်ချိ လိုက်ပြီ ဖြစ်ပါသည်။
အဆိုပါစာအုပ်သည် ၂ဝ၁၅ ခုနှစ်အတွက် ပခုက္ကူစာပေဆုပြိုင်ပွဲတွင် ကဗျာပေါင်းချုပ် တတိယဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ် အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။
''သတ္တိသွေးနှင့် ဓမ္မအလှ၊ မြန်မာ့အလှ၊ ဆရာ့ဘ၀ ကဗျာများ'' မြန်မာ့ရိုးရာ စပ်ထုံးစပ်နည်းများဖြစ်သည့် လင်္ကာစပ်၊ လေးလုံးစပ်၊ သံပေါက်၊ ဒွေးချိုး၊ တြိချိုး၊ လေးချိုး၊ သံချို၊ တေးထပ်၊ တျာချင်း၊ လွမ်းချင်း စသည့်ကဗျာများကို ကဗျာစာမူ၏ခေါင်းစဉ်နှင့် ဆီလျော်စွာ မျိုးချစ်စိတ်ဓာတ်မြင့်မားရေး ကဗျာများ၊ မြန်မာ့ရေမြေ တောတောင်သဘာ၀အလှဖွဲ့ကဗျာများ၊ မြတ်ဗုဒ္ဓ၏ အဆုံးအမ ဓမ္မလမ်းညွှန်ချက်များ ဆရာ့မေတ္တာ၊ ဆရာ့စေတနာနှင့် ဆရာ့ဘ၀ကဗျာများအဖြစ် ရေးဖွဲ့ထားသည်ကို ခံစားကြရမည်ဖြစ်သည်။
အဆိုပါစာအုပ်ကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၂၄၉၀၃၁၊ ဝ၁-၃၈၁၄၄၈) စာပေဗိမာန်စာအုပ်ဆိုင်မှ တန်ဖိုး ၇၅၀ ကျပ်ဖြင့် ဖြန့်ချိပြီး နေပြည်တော် သပြေကုန်း စျေးရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၄၁၄၆၈၁)၊ မန္တလေးမြို့ ၈၆ လမ်း (၂၁ လမ်းနှင့် ၂၂ လမ်းကြား) ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၂-၃၀၁၈၆) တို့နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်ဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါသည်။ လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၂၄၉၀၃၁၊ ဝ၁-၃၈၁၄၄၈) စာပေဗိမာန် စာအုပ်ဆိုင်သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။