''ခက်လှိုင်းကျော်'' ရေးသားသည့် ''ဝေရဲရဲ ကြွေရဲရဲ စေတနာပန်းပွင့်များ ကဗျာစုစည်းမှု'' စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေ ဖြန့်ချိလိုက်ပြီ ဖြစ်ပါသည်။
အဆိုပါစာအုပ်သည် ၂ဝ၁၅ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် ကဗျာပေါင်းချုပ် ဒုတိယဆုရစာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ် အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။
''ဝေရဲရဲ ကြွေရဲရဲ စေတနာပန်းပွင့်များ ကဗျာစုစည်းမှု'' စာမူတွင် ကဗျာပေါင်းချုပ်ပေါင်း ၉၀ ပါဝင်၍ ကဗျာဖွဲ့နည်းပုံသဏ္ဍာန်တွင် လေးလုံးစပ် လင်္ကာ၊ ပျို့၊ တေးထပ်၊ အချိုးတွဲ၊ သံပေါက်၊ အိုင်ချင်း၊ ကာချင်း၊ လွမ်းချင်း၊ တျာချင်း၊ ရတု၊ ဝဲရိုက်ဝဲသွင်း၊ ရကန်၊ ဥဩသံချို၊ လေးချိုးကြီး၊ ရှစ်လုံးဖွဲ့စသည် ကဗျာစပ်နည်းမျိုးစုံဖြင့် ဖွဲ့ဆိုတင်ပြထားသည့် စာအုပ်ကောင်းဖြစ်ပါသည်။
ရာသီဥတု၊ တောတောင်သဘာ၀၊ လုပ်ငန်းခွင်၊ ယဉ်ကျေးမှု၊ ပညာရေး၊ အတွေးအခေါ်၊ အမြင်အတွေ့၊ ဘ၀ဒဿန စသည့် အကြောင်းအရာစုံ၊ ကဗျာမျိုး စုံလင်သော စာအုပ်ကောင်း တစ်အုပ် ဖြစ်ပါသည်။
အဆိုပါစာအုပ်ကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၂၄၉၀၃၁၊ ဝ၁-၃၈၁၄၄၈) စာပေဗိမာန်စာအုပ်ဆိုင်မှ တန်ဖိုး ၂၂၀၀ ကျပ်ဖြင့် ဖြန့်ချိပြီး နေပြည်တော် သပြေကုန်း စျေးရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၄၁၄၆၈၁)၊ မန္တလေးမြို့ ၈၆ လမ်း (၂၁ လမ်းနှင့် ၂၂ လမ်းကြား) ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၂-၄၀၃၀၁၈၆) တို့နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်ဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါသည်။ လက်ကားမှာယူ လိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၂၄၉၀၃၁၊ ဝ၁-၃၈၁၄၄၈) စာပေဗိမာန် စာအုပ်ဆိုင်သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။