''ခင်လပြည့်ဝန်း'' ရေးသားသည့် ''အပြာရောင်ကောင်းကင်'' စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိလိုက်ပြီဖြစ်ပါသည်။
အဆိုပါစာအုပ်သည် ၂ဝ၁၅ ခုနှစ်အတွက် ပခုက္ကူစာပေဆုပြိုင်ပွဲတွင် ၀တ္ထုရှည် တတိယဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။
''အပြာရောင်ကောင်းကင်'' စာမူသည် အရွယ်ရောက်စသမီးပျိုလေးကို ဖခင်ဖြစ်သူက အစိုးရိမ်ကြီးကာ တင်းတင်းကျပ်ကျပ် အုပ်ချုပ်ဆုံးမရာမှ ဖခင်ကို အကြောက်လွန်ပြီး စောစောစီးစီး အိမ်ထောင်ကျသွားသော ကျေးလက်မှ မိန်းကလေးတစ်ယောက်၏ ဘ၀ဇာတ်ကြောင်း ဖြစ်သည်။ ဒုက္ခအမျိုးမျိုးဖြင့် ဘ၀ကို ရင်ဆိုင်ဖြတ်သန်းလာရပြီး နောက်ဆုံးမှ ဖခင်၏မေတ္တာကို သိရှိနားလည်သွားကြောင်း ရေးဖွဲ့ထားသော စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါသည်။
အဆိုပါစာအုပ်ကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၂၄၉၀၃၁၊ ဝ၁-၃၈၁၄၄၈) စာပေဗိမာန်စာအုပ်ဆိုင်မှ တန်ဖိုး ၇၀၀ ကျပ်ဖြင့် ဖြန့်ချိပြီး နေပြည်တော် သပြေကုန်း စျေးရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၄၁၄၆၈၁)၊ မန္တလေးမြို့ ၈၆ လမ်း (၂၁ လမ်းနှင့် ၂၂ လမ်းကြား) ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၂-၃၀၁၈၆) တို့နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်ဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါသည်။ လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၂၄၉၀၃၁၊ ဝ၁-၃၈၁၄၄၈) စာပေဗိမာန် စာအုပ်ဆိုင်သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။