''လွင်ဦး (ကွမ်းခြံကုန်း)'' ရေးသားသည့် ''ငှက်ထောင်သမား နှင့် အခြားစွန့်စားခန်း၀တ္ထုတိုများ'' စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေ ဖြန့်ချိ လိုက်ပြီ ဖြစ်ပါသည်။
အဆိုပါစာအုပ်သည် ၂ဝ၁၅ ခုနှစ်အတွက် ပခုက္ကူစာပေဆုပြိုင်ပွဲတွင် ၀တ္ထုတိုပေါင်းချုပ် တတိယဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ် အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။
''ငှက်ထောင်သမား နှင့် အခြားစွန့်စားခန်း၀တ္ထုတိုများ'' စာမူတွင် ၀တ္ထုတို (၁၀) ပုဒ် စုစည်းထားပါသည်။ တိရစ္ဆာန်များနှင့် လူသားတို့အားစမ်းကြပုံကို အများဆုံးရေးသားထားသည်။
ရေဝမ်းဘဲ၊ မြွေ၊ ကျား၊ စွန်၊ ကျွဲ စသည်တို့၏ အကျင့်စရိုက်သဘာ၀ကို ပိုင်ပိုင်နိုင်နိုင်သိခြင်း၊ စာဖတ်သူစိတ်ဝင်စားအောင် ရသပါပါရေးနိုင်ခြင်း၊ ဗဟုသုတ ပွားစေခြင်းစသော အချက်များနှင့် ပြည့်စုံသော စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါသည်။
အဆိုပါစာအုပ်ကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၂၄၉၀၃၁၊ ဝ၁-၃၈၁၄၄၈) စာပေဗိမာန်စာအုပ်ဆိုင်မှ တန်ဖိုး ၈၀၀ ကျပ်ဖြင့် ဖြန့်ချိပြီး နေပြည်တော် သပြေကုန်း စျေးရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၄၁၄၆၈၁)၊ မန္တလေးမြို့ ၈၆ လမ်း (၂၁ လမ်းနှင့် ၂၂ လမ်းကြား) ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၂-၃၀၁၈၆) တို့နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်ဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါသည်။ လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၂၄၉၀၃၁၊ ဝ၁-၃၈၁၄၄၈) စာပေဗိမာန် စာအုပ်ဆိုင်သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။