''ကိုရွှေသံ (မြန်မာစာ)'' ရေးသားသည့် ''ကောင်းကျိုးအထွေထွေရယ်နှင့် ချွန်စေမြစေစော'' စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေ ဖြန့်ချိလိုက်ပြီ ဖြစ်ပါသည်။
အဆိုပါစာအုပ်သည် ၂ဝ၁၆ ခုနှစ်အတွက် ပခုက္ကူစာပေဆုပြိုင်ပွဲတွင် ၀တ္ထုရှည် ပထမဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။
''ကောင်းကျိုးအထွေထွေရယ်နှင့် ချွန်စေမြစေစော'' စာမူတွင် အတုလမာရဇိန် ရှေးဟောင်း ဘုရားကြီးမှ ရှေးဟောင်းလက်ရာများ အခိုးခံရသည်ကို ဇာတ်အိမ်တည်ရေးဖွဲ့ထားသည်။ ဘုရားဂေါပကလူကြီးက ဘုရားအနီးတွင် ဆော့ကစားနေလေ့ရှိသော ကလေးများထဲမှ တစ်ဦးကို သင်္ကာမကင်း ဖြစ်မိသည်။ သို့သော် ထိုကလေး၏ ကြိုးပမ်းမှုကြောင့် ရှေးဟောင်းပစ္စည်းခိုးယူသူ များကို ဖမ်းဆီးရမိခဲ့သည်။ လောက၌ လူ၏အသွင်အပြင်ထက် စိတ်ဓာတ်က အဓိကကျကြောင်း ပညာပေးထားသည့် ၀တ္ထုကောင်းတစ်အုပ်ဖြစ်သည်။
ရည်ရွယ်ချက်ကောင်းမွန်ခြင်း၊ စာဖတ်သူ၏ စိတ်အာရုံကို ဆွဲဆောင်နိုင်ခြင်း၊ အရေးအဖွဲ့ လိမ္မာပါးနပ်ခြင်း စသည့်အချက်များပါရှိသော စာအုပ်ကောင်း တစ်အုပ် ဖြစ်ပါသည်။
အဆိုပါစာအုပ်ကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၂၄၉၀၃၁၊ ဝ၁-၃၈၁၄၄၈) စာပေဗိမာန်စာအုပ်ဆိုင်မှ တန်ဖိုး ၇၀၀ ကျပ်ဖြင့် ဖြန့်ချိပြီး နေပြည်တော် သပြေကုန်း စျေးရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၄၁၄၆၈၁)၊ မန္တလေးမြို့ ၈၆ လမ်း (၂၁ လမ်းနှင့် ၂၂ လမ်းကြား) ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၂-၃၀၁၈၆) တို့နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်ဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါသည်။ လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၂၄၉၀၃၁၊ ဝ၁-၃၈၁၄၄၈) စာပေဗိမာန် စာအုပ်ဆိုင်သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။