''ကျော်စိုး (မြင်းမူ)'' ရေးသားသည့် ''ပန်းအိပ်မက် ကဗျာများ'' စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိလိုက်ပြီဖြစ်ပါသည်။
အဆိုပါစာအုပ်သည် ၂ဝ၁၆ ခုနှစ်အတွက် ပခုက္ကူစာပေဆုပြိုင်ပွဲတွင် ကဗျာပေါင်းချုပ် ပထမဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။
''ပန်းအိပ်မက် ကဗျာများ'' စာမူသည် ကဗျာ ၇၀ ပုဒ်ပါရှိသည်။ မြန်မာဖွဲ့ထုံးနည်းစနစ်များနှင့်အညီ ရေးဖွဲ့ထားသည့် ကဗျာများဖြစ်သည့်အပြင် နည်းစနစ်များအတွင်းမှပင် ဆန်းသစ်သော အတွေး၊ ဆန်းသစ်သော တင်ပြပုံတို့ဖြင့် ခြယ်မှုန်းထားသည်ကို တွေ့ရသည်။ ပတ်ဝန်းကျင်ရှိ သက်ရှိသက်မဲ့ တို့၏ ဖြစ်ပျက်နေမှုများကို တရားသဘောနှင့်ယှဉ်၍လည်းကောင်း မီးမောင်းထိုးပြသည့်သဘော ရေးဖွဲ့သီကုံးတင်ပြထားသည်း။ အကြောင်းအရာအားဖြင့် လည်း စုံလင်သော စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါသည်။
အဆိုပါစာအုပ်ကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၂၄၉၀၃၁၊ ဝ၁-၃၈၁၄၄၈) စာပေဗိမာန်စာအုပ်ဆိုင်မှ တန်ဖိုး ၁၀၀၀ ကျပ်ဖြင့် ဖြန့်ချိပြီး နေပြည်တော် သပြေကုန်း စျေးရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၄၁၄၆၈၁)၊ မန္တလေးမြို့ ၈၆ လမ်း (၂၁ လမ်းနှင့် ၂၂ လမ်းကြား) ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၂-၃၀၁၈၆) တို့နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်ဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါသည်။ လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၂၄၉၀၃၁၊ ဝ၁-၃၈၁၄၄၈) စာပေဗိမာန် စာအုပ်ဆိုင်သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။