• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး
 ''အကြမ်းဖက်ဝါဒ၊ လုံခြုံရေးနှင့် လူ့အခွင့်အရေး''

စာအုပ်အမည် - ''အကြမ်းဖက်ဝါဒ၊ လုံခြုံရေးနှင့် လူ့အခွင့်အရေး''

စာရေးဆရာအမည် - ဇာနည် (ဘူမိဗေဒ)

တန်ဖိုး - ၁၂၀၀

စာညွှန်း -

''ဇာနည် (ဘူမိဗေဒ)'' ရေးသားသည့် ''အကြမ်းဖက်ဝါဒ၊ လုံခြုံရေးနှင့် လူ့အခွင့်အရေး''  စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေ ဖြန့်ချိလိုက်ပြီ ဖြစ်ပါသည်။

အဆိုပါစာအုပ်သည် ၂ဝ၁၆ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် ဘာသာပြန်စာပေ ပထမဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ် အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။

''အကြမ်းဖက်ဝါဒ၊ လုံခြုံရေးနှင့် လူ့အခွင့်အရေး'' ဤစာမူတွင် ယနေ့ကမ္ဘာတွင် အကြမ်းဖက်မှုကို တရားဥပဒေစိုးမိုးမှုဖြင့်သာ တိုက်ဖျက်ရသည်ကို မီးမောင်းထိုးပြထားသည့် အိန္ဒိယနိုင်ငံ Viva Books Private Limited က ထုတ်ဝေပြီး Monshipouri ရေးသားသည့် ''Terrorism, Security and Human Rights (Hamessing the Rule of law)'' စာအုပ်မှ အခန်းနှစ်ခန်းဖြစ်သည့် Terrorism, Security and Human Right အခန်းနှင့် ''Military Intervention: Risks and Costs'' အခန်းတို့ကို ရွေးချယ်၍ စာပေဗိမာန်စာမူဆု ဘာသာပြန်စာမူအတွက် ပြဋ္ဌာန်းခဲ့ပါသည်။ ကမ္ဘာ့နိုင်ငံအချို့တွင် အကြမ်းဖက်ဝါဒကို တရားနည်းလမ်းကျစွာ ဖြေရှင်းနေရင်း အကြမ်းဖက် ဝါဒက ခေါင်းထောင်လာသည်။ အပြစ်မဲ့ပြည်သူများနှင့် နိုင်ငံ၏ အုပ်ချုပ်ရေးယန္တရားကို အမျိုးမျိုးဒုက္ခပေးနေသည်။ အကြမ်းဖက်မှုပေါ်ပေါက်လာပြီဆိုပါက တန်ပြန်ချေမှုန်းရာတွင် ပြည်သူတို့၏လုံခြုံရေးကို အဓိကထားရသည်။ စစ်ရေးအရ အရေးယူဆောက်ရွက်ရသည်။ ထိုအခါ ဒီမိုကရေစီမြှင့်တင်ရေး၊ တရားစီရင်ရေး၊ သံတမန်ရေးတို့မှာ ပူးတွဲပါလာစမြဲဖြစ်ပါသည်။ ယင်းဖြစ်ရပ်များကို အရှေ့အလယ်ပိုင်းနိုင်ငံများ၊ အာရှနိုင်ငံအချို့၏ ဖြစ်ရပ်များကို သာဓက ဆောင်ကာ တင်ပြထားသော လက်ရာဖြစ်ပါသည်။

ဘာသာပြန်ဆိုသူသည် မူရင်းစာရေးဆရာ၏ အာဘော်ကို မိအောင်ပြန်ဆိုနိုင်ကြောင်း တွေ့ရသည်။ ခိုင်မာစွာတည်ရှိသော ဝေါဟာရကို မူရင်းအဓိပ္ပာယ် အတိုင်း ဖော်ပြနိုင်သကဲ့သို့ အသစ်ထွင်ရသည့် စကားများမှာ လက်ခံနိုင်ဖွယ်ရာဖြစ်ပါသည်။ ဝေါဟာရများကို အသစ်ဖွင့်ဆိုရာတွင် အောက်ခြေ မှတ်စုများ ပေး၍ ယှဉ်တွဲဖော်ပြထားခြင်းဖြင့် Sincere Translation သဘော ပေါ်လွင်စေပါသည်။ အခန်းခေါင်းစဉ်အလိုက်ကိုလည်း ထိမိစွာ ပြန်ဆိုနိုင်သည်။ ဝါကျဖွဲ့စည်းမှု ကျစ်လျစ်၍ ပြေပြစ် ရှင်းလင်းသည်။ မူရင်းစာရေးဆရာ၏ အာဘော်ကို မြန်မာစာဖတ် ပရိသတ် ခံစားဖတ်ရှုနိုင်အောင် ဖော်ဆောင်နိုင် သော စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါသည်။  

အဆိုပါစာအုပ်ကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၂၄၉၀၃၁၊ ဝ၁-၃၈၁၄၄၈) စာပေဗိမာန်စာအုပ်ဆိုင်မှ တန်ဖိုး ၁၂၀၀ ကျပ်ဖြင့် ဖြန့်ချိပြီး နေပြည်တော် သပြေကုန်း စျေးရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၄၁၄၆၈၁)၊ မန္တလေးမြို့  ၈၆ လမ်း (၂၁ လမ်းနှင့် ၂၂ လမ်းကြား) ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၂-၃၀၁၈၆) တို့နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်ဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါသည်။ လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၂၄၉၀၃၁၊ ဝ၁-၃၈၁၄၄၈) စာပေဗိမာန် စာအုပ်ဆိုင်သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။


ဆက်စပ် စာအုပ်များ
အိမ်မက်တစ်ရာ ကဗျာများ

အိမ်မက်တစ်ရာ ကဗျာများ

အလှသစ်ချိန် ပန်းပွင့်ချိန် ကလေးကဗျာများ

အလှသစ်ချိန် ပန်းပွင့်ချိန် ကလေးကဗျာများ

တစ်ပွင့်စီဆိုင်သည့် ပန်းတခိုင်

တစ်ပွင့်စီဆိုင်သည့် ပန်းတခိုင်

စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

စာပေဗိမာန်ထုတ် စာအုပ်များ
စာပေဗိမာန်ထုတ် စာအုပ်များ

စာပေဗိမာန်ထုတ် စာအုပ်များ

  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • စာပေရေချမ်းစင်
  • ပြိုင်ပွဲများ
  • ပြည်သူ့လက်စွဲစာစဉ်
  • စာကြည့်တိုက်
  • အရောင်းဌာန
  • စာမူများ
  • အခမ်းအနားများ
  • သုတပဒေသာစာစောင်
  • ရွှေသွေး
  • စာအုပ်များ
books
  • ၁၄-၆-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၄)ထွက်ရှိ

    13-Jun-2025
  • ၇-၆-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၃) e-book ထွက်ရှိ

    10-Jun-2025
  • ၇-၆-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၃)ထွက်ရှိ

    09-Jun-2025
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2025 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman