''လွင်ဦး (ကွမ်းခြံကုန်း)'' ရေးသားသည့် ''မူးမြစ်တေးသံ ကဗျာများ'' စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေ ဖြန့်ချိလိုက်ပြီ ဖြစ်ပါသည်။
အဆိုပါစာအုပ်သည် ၂ဝ၁၄ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် ကဗျာပေါင်းချုပ် တတိယဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ် အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။
''မူးမြစ်တေးသံ ကဗျာများ'' စာမူတွင် ဤကဗျာစာမူတွင် ကဗျာပုဒ်ရေ ၉၀ ပါဝင်ပါသည်။ ကဗျာရေးသူ၏ ကလောင်အမည်မှာ မြန်မာနိုင်ငံအောက်ပိုင်း ဒေသကို ခံယူထားပြီး ကဗျာအမည်က မြန်မာနိုင်ငံအထက်ပိုင်းဒေသ၏ ပုံရိပ်ကို ဖော်ကျူးထားသည်ကပင် စိတ်ဝင်စား ဖွယ်ရာဖြစ်သည်။ ကဗျာများကို မူးမြစ်ဝှမ်းကဗျာစု၊ အမိမြေ ကဗျာစု၊ ရှေးခေတ်ဟောင်းကဗျာစု၊ ဘ၀လမ်း ကဗျာစု ဟူ၍ အခန်းကဏ္ဍ ၄ ခုခွဲ၍ စီစဉ်ဖော်ပြာထားပါသည်။ မူးမြစ် ဝန်းကျင်ဒေသ အလှဖွဲ့၊ မြန်မာ့မြေ၊ မြန်မာရှုခင်း မြန်မာ့အလှဖွဲ့၊ ရာဇဝင်မဟာဝင် ဗုဒ္ဓဝင်များမှ မေတ္တာသစ္စာ အလှဖွဲ့တို့အပြင် ဖြတ်သန်းခဲ့သော ဘ၀လမ်းမှ ဝမ်းမြောက်ကြည်နူးဖွယ်၊ စံနမူနာယူဖွယ်ဖြစ်ရပ် ဖြစ်စဉ်တို့ကို အခြေခံဖွဲ့ဆိုသည့် ရသစုံအလှဖွဲ့ကဗျာများကို ဖတ်ရှုချင်စဖွယ် ရေးဖွဲ့ ထားပါသည်။ အကြောင်းအရာ ဦးတည်ချက် ကောင်းမွန်ခြင်း၊ မြန်မာကဗျာ ပီပီသသဖွဲ့ဆိုနိုင်ခြင်း၊ ကဗျာဖွဲ့သူ၏ စေတနာအမြင် မေတ္တာအမြင်ကို ချစ်ခင်လေးစားဖွယ် ရှုမြင်နု့ ရသစုံအလှဖွဲ့ကဗျာများကို ဖတ်ရှုချင်စဖွယ် ရေးဖွဲ့ထားပါသည်။ အကြောင်းအရာ ဦးတည်ချက် ကောင်းမွန်ခြင်း၊ မြန်မာကဗျာ ပီပီသသဖွဲ့ဆိုနိုင်ခြင်း၊ ကဗျာဖွဲ့သူ၏ စေတနာအမြင် မေတ္တာအမြင်ကို ချစ်ခင်လေးစားဖွယ် ရှုမြင်နိုင်အောင် ဖွဲ့ဆိုနိုင်သည့် စာအုပ်ကောင်း တစ်အုပ် ဖြစ်ပါသည်။
အဆိုပါစာအုပ်ကို
အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၂၄၉၀၃၁၊ ဝ၁-၃၈၁၄၄၈)
စာပေဗိမာန်စာအုပ်ဆိုင်မှ တန်ဖိုး ၂၄၀၀ ကျပ်ဖြင့် ဖြန့်ချိပြီး နေပြည်တော်
သပြေကုန်း စျေးရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၄၁၄၆၈၁)၊
မန္တလေးမြို့ ၈၆ လမ်း (၂၁ လမ်းနှင့် ၂၂ လမ်းကြား) ရှိ
စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၂-၃၀၁၈၆) တို့နှင့် အမြို့မြို့ရှိ
စာပေဗိမာန် ကိုယ်စားလှယ်ဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါသည်။
လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း
ဝ၁-၂၄၉၀၃၁၊ ဝ၁-၃၈၁၄၄၈) စာပေဗိမာန် စာအုပ်ဆိုင်သို့ ဆက်သွယ်နိုင်ကြောင်း
သိရသည်။