''သိန်းဇော် (ရွှေလီဦး)'' ရေးသားသည့် ''ဘ၀ပန်းပုရုပ် ကိုယ်တိုင်ထုလုပ်ကြပါစို့နှင့် အခြား၀တ္ထုတိုများ'' စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။
အဆိုပါစာအုပ်သည် ၂ဝ၁၅ ခုနှစ်အတွက် ပခုက္ကူစာပေဆုပြိုင်ပွဲတွင် ၀တ္ထုတိုပေါင်းချုပ် ဒုတိယဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲ စာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။
''ဘ၀ပန်းပုရုပ် ကိုယ်တိုင်ထုလုပ်ကြပါစို့နှင့် အခြား၀တ္ထုတိုများ'' စာမူသည် ပန်းပုရုပ်ထုလုပ်သည် ပန်းပုရုပ်လေးလှပစေရန်၊ ရုပ်လုံးကြွစေရန် ကိုယ်တိုင်ထုလုပ်ဖန်တီးနိုင်သကဲ့သို့ မိမိ၏ဘ၀ကိုလည်း တိုးတက်သာယာ လှပစေရန် မိမိကိုယ်တိုင် ကြိုးစားနိုင်ကြောင်း၊ ရည်ရွယ်ချက်ကောင်း၊ စေတနာကောင်းဖြင့် ရေးသားထားသော ၀တ္ထုများဖြစ်သည်။ မြန်မာပြည်တွင် အများဆုံးရှိသော တောနေလူတန်းစားများကို ဇာတ်ဆောင်ထားပြီး သူတို့၏ အတွေ့အကြုံနှင့် ခံစားချက်များကို စာဖတ်သူ ခံစားနားလည်လာအောင် ရေးနိုင်စွမ်းရှိသည့် စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါသည်။
အဆိုပါစာအုပ်ကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၂၄၉၀၃၁၊ ဝ၁-၃၈၁၄၄၈) စာပေဗိမာန်စာအုပ်ဆိုင်မှ တန်ဖိုး ၉၀၀ ကျပ်ဖြင့် ဖြန့်ချိပြီး နေပြည်တော် သပြေကုန်း စျေးရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၄၁၄၆၈၁)၊ မန္တလေးမြို့ ၈၆ လမ်း (၂၁ လမ်းနှင့် ၂၂ လမ်းကြား) ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၂-၃၀၁၈၆) တို့နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်ဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါသည်။ လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၂၄၉၀၃၁၊ ဝ၁-၃၈၁၄၄၈) စာပေဗိမာန် စာအုပ်ဆိုင်သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။