''မောင်ယဉ်လှိုင်း (ပျဉ်းမမြိုင်)'' ရေးသားသည့် ''စက်တော်ရာ အနုပညာ'' စာအုပ်သစ်ကို စာပေဗိမာန် က ထုတ်ဝေ ဖြန့်ချိလိုက်ပြီဖြစ်ပါသည်။
အဆိုပါစာအုပ်သည် ၂ဝ၁၅ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် သုတပဒေသာ (ဝိဇ္ဇာ) တတိယဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။
''စက်တော်ရာ အနုပညာ'' ဤစာမူတွင် မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ရှိ ဗုဒ္ဓမြတ်စွာ ခြေတော်ရာ ရွှေစက်တော်သို့ ကြည်ညိုသဒ္ဓါစိတ်ဖြင့် လာရောက် ဖူးမြော်ကြသူတွေ များကြသည်။ ဘုရားရှင်၏ စက်လက္ခဏာ ၁၀၈ ကွက် ခြေတော်ရာ အစစ်အဖြစ် အထက်စက်တော်ရာနှင့် အောက်စက်တော်ရာ ဟူ၍ ရှိသည်။ စာမူပြုစုသူက အနုခံစားသိမြင်နိုင်ရန် သမိုင်းကြောင်းနှင့်တကွ စူးစမ်းဖော်ထုတ်ထားသည်။ ဥဒိဿစေတီ၊ ပါဒစေတီဖြစ်ပြီး၊ နေ လ နက္ခတ်တာရာ တောတောင်ရေမြေ သက်ရှိသက်မဲ့အရာ ထင်ရှားမှုအားလုံးသည် ဗုဒ္ဓ၏ ခြေဖဝါးအောက်၌ တည်ကြောင်း သရုပ်ဖော်ထားသည်။ ၁၀၈ ကွက် ထုဆစ်ပုံဖော်မှုများကို ရုပ်ပုံဓာတ်ပုံများဖြင့် အားဖြည့်ထားသည့်ပြင် စက်တော်ရာနှင့် ပတ်သက်သည့်စာပေအဖွဲ့၊ တောလား၊ ရတုတို့ကိုပါ စုစည်းပေးထားသည်။ ဗုဒ္ဓဘာသာဝင်တို့၏ အထွတ်အမြတ်တည်ထားကိုးကွယ်မှုကို ရိုးရာပန်းပညာရှုထောင့်က ပေါ်လွင်အောင် ပြုစုနိုင်ဖို့ ကျမ်းကိုး ၄၀ အသုံးထားသည့် စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါသည်။
အဆိုပါစာအုပ်ကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၂၄၉၀၃၁၊ ဝ၁-၃၈၁၄၄၈) စာပေဗိမာန်စာအုပ်ဆိုင်မှ တန်ဖိုး ၇၀၀ ကျပ်ဖြင့် ဖြန့်ချိပြီး နေပြည်တော် သပြေကုန်း စျေးရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၄၁၄၆၈၁)၊ မန္တလေးမြို့ ၈၆ လမ်း (၂၁ လမ်းနှင့် ၂၂ လမ်းကြား) ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၂-၃၀၁၈၆) တို့နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်ဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါသည်။ လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၂၄၉၀၃၁၊ ဝ၁-၃၈၁၄၄၈) စာပေဗိမာန် စာအုပ်ဆိုင်သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။