''အောင်စိုး (တိရစ္ဆာန်ဆေးကုဆရာဝန်)'' ရေးသားသည့် ''မြန်မာ့သိပ္ပံနည်းကျ တိရစ္ဆာန် ဆေးကုပညာ'' စာအုပ်သစ် ကို စာပေဗိမာန်က ထုတ်ဝေ ဖြန့်ချိလိုက်ပြီဖြစ်ပါသည်။
အဆိုပါစာအုပ်သည် ၂ဝ၁၅ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် သုတပဒေသာ (သိပ္ပံနှင့်အသုံးချသိပ္ပံ) ပထမဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။
''မြန်မာ့သိပ္ပံနည်းကျ တိရစ္ဆာန်ဆေးကုပညာ'' ဤစာမူတွင် တိရစ္ဆာန်ရောဂါများနှင့် ကုသနည်းတို့ကို မြန်မာ့ဆေးဝါးကုထုံးပညာဖြင့် သုံးသပ်ဖော်ထုတ် ရေးသားထားသည်။ မြန်မာ့တိရစ္ဆာန် ဆေးကုပညာသမိုင်းဖြင့် အစချီကာ ကျွဲ၊ နွား၊ ဆင်၊ မြင်း၊ ကြက်၊ ဝက်တို့၏ ရောဂါတို့ဖြင့် မြန်မာ့နည်း မြန်မာ့ဟန် ကုထုံးများကို မပျောက်ပျက်ရအောင် မှတ်တမ်းတင် ထားသည့် ရောဂါဖြစ်ပုံနှင့် လက်တွေ့ကုသနည်းများဖြင့် ဆေးဖော်စပ်ပုံများကိုလည်း ပြည့်စုံစွာ တင်ပြထားသည်။ တိရစ္ဆာန်ဆေးကုရာတွင် အသုံတည့်သည့် မြန်မာ့ဆေးပင်များအကြောင်းလည်း ပါရှိသည်။ စာမူဖြစ်ပေါ်လာစေရန် တွေ့ဆုံမေးမြန်း ထားသည့် ပုဂ္ဂိုလ်များ၊ ကျမ်းကိုးများကိုပါ မကျန်ရအောင် အားထုတ်ထားသည့်အပြင် လက်တွေ့အသုံးချကုသနိုင်သည့် စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါသည်။
အဆိုပါစာအုပ်ကို အမှတ် ၅၂၉-၅၃၁၊
ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၂၄၉၀၃၁၊ ဝ၁-၃၈၁၄၄၈)
စာပေဗိမာန်စာအုပ်ဆိုင်မှ တန်ဖိုး ၁၁၀၀ ကျပ်ဖြင့် ဖြန့်ချိပြီး နေပြည်တော်
သပြေကုန်း စျေးရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၄၁၄၆၈၁)၊
မန္တလေးမြို့ ၈၆ လမ်း (၂၁ လမ်းနှင့် ၂၂ လမ်းကြား) ရှိ
စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၂-၃၀၁၈၆) တို့နှင့် အမြို့မြို့ရှိ
စာပေဗိမာန် ကိုယ်စားလှယ်ဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါသည်။
လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း
ဝ၁-၂၄၉၀၃၁၊ ဝ၁-၃၈၁၄၄၈) စာပေဗိမာန် စာအုပ်ဆိုင်သို့ ဆက်သွယ်နိုင်ကြောင်း
သိရသည်။