''မောင်မောင်ချစ်ဦး (မုံရွာ)'' ရေးသားသည့် ''သွေးချင်းတို့ရဲ့ အင်းတော်ကြီး'' စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေ ဖြန့်ချိလိုက်ပြီ ဖြစ်ပါသည်။
အဆိုပါစာအုပ်သည် ၂ဝ၁၄ ခုနှစ်အတွက် ပခုက္ကူစာပေဆုပြိုင်ပွဲတွင် ကျမ်းစာပေ တတိယဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။
''သွေးချင်းတို့ရဲ့ အင်းတော်ကြီး'' စာမူတွင် မြန်မာနိုင်ငံ၏ တောင်ပေါ်ဒေသမှ အကြီးဆုံး အင်းကြီးဖြစ်သည့် အင်းတော်ကြီးနှင့် ပတ်သက်သည့် နောက်ခံသမိုင်းကြောင်း၊ ပထဝီဝင်ဆိုင်ရာ အချက်အလက်များ၊ ဒေသရှိ ဘုရားပုထိုးအပါအဝင် သာဿနိက အဆောက်အအုံများ၊ အင်းတော်ကြီး ပတ်ဝန်းကျင် နေထိုင်ကြသည့် ဒေသခံတိုင်းရင်းသားများအကြောင်း အပါအဝင် ဒေသန္တရဆိုင်ရာ အချက်အလက်များကို ကွင်းဆင်းတင်ပြထားကြောင်း တွေ့ရှိရသည်။ သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အကြံပြုတင်ပြချက်များကိုလည်း ပါဝင်သည်။ စကားပြေ အရေးအသားပြေပြစ်သည်။ ဓာတ်ပုံမှတ်တမ်းများ ဝေဝေဆာဆာပါရှိသည်။ ကျမ်းကိုး အထောက်အထားများ ပါရှိသည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်သည်။
အဆိုပါစာအုပ်ကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၂၄၉၀၃၁၊ ဝ၁-၃၈၁၄၄၈) စာပေဗိမာန်စာအုပ်ဆိုင်မှ တန်ဖိုး ၁၂၀၀ ကျပ်ဖြင့် ဖြန့်ချိပြီး နေပြည်တော် သပြေကုန်း စျေးရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၄၁၄၆၈၁)၊ မန္တလေးမြို့ ၈၆ လမ်း (၂၁ လမ်းနှင့် ၂၂ လမ်းကြား) ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၂-၃၀၁၈၆) တို့နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်ဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါသည်။ လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၂၄၉၀၃၁၊ ဝ၁-၃၈၁၄၄၈) စာပေဗိမာန် စာအုပ်ဆိုင်သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။