''ခင်ညိုညိုမြင့်'' ရေးသားသည့် ''ငါးထုပ်ဖက်ပေါ်ကျသည့် ပျားရည်စက်'' စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေ ဖြန့်ချိလိုက်ပြီ ဖြစ်ပါသည်။
အဆိုပါစာအုပ်သည် ၂ဝ၁၄ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာစာပေ တတိယဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။
''ငါးထုပ်ဖက်ပေါ်ကျသည့် ပျားရည်စက်'' စာမူတွင် ပြည်ထောင်စုဖွားတိုင်းရင်းသား ရခိုင်မျိုးနွယ်များအနက် ကမ်းရိုးတန်းနှင့် ကမ်းခြေများအနီး နေထိုင်သူရေလုပ်သားတို့၏ ဘ၀ဓလေ့ အထွေထွေကို စိတ်ဝင်စားဖွယ် တင်ပြထားပြီး ထူးခြားသော ဒေသိယစကားများကို မီးမောင်းထိုးတင်ပြသည်။ ဤဒေသိယစကားများကို သိရှိထားခြင်းဖြင့် တိုင်းရင်းသားအချင်းချင်း ဆက်ဆံဆက်သွယ်ရေးတွင် ဆောင်စရာတို့ကို ဆောင်၍ ရှောင်စရာတို့ကို ရှောင်ကာ စည်းလုံးညီညွတ်မှုကို ပိုမို ခိုင်မာစေနိုင်ပါသည်။ စကားပြေအရေးအသား သွက်လက်ပြေပြစ်သည်။ ကျမ်းအကိုးအကားထက် လက်တွေ့ဘ၀ကို ပိုမိုအကိုးအကား အထောက်အထားပြု၍ တင်ပြထား သည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်သည်။
အဆိုပါစာအုပ်ကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၂၄၉၀၃၁၊ ဝ၁-၃၈၁၄၄၈) စာပေဗိမာန်စာအုပ်ဆိုင်မှ တန်ဖိုး ၁၀၀၀ ကျပ်ဖြင့် ဖြန့်ချိပြီး နေပြည်တော် သပြေကုန်း စျေးရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၄၁၄၆၈၁)၊ မန္တလေးမြို့ ၈၆ လမ်း (၂၁ လမ်းနှင့် ၂၂ လမ်းကြား) ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၂-၃၀၁၈၆) တို့နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်ဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါသည်။ လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၂၄၉၀၃၁၊ ဝ၁-၃၈၁၄၄၈) စာပေဗိမာန် စာအုပ်ဆိုင်သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။