''တင်မောင်သန်း (ရွာမ)'' ရေးသားသည့် ''အုပ်ချုပ်မှု နှင့် နိုင်ငံသားဖြစ်မှု'' စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေ ဖြန့်ချိလိုက်ပြီဖြစ်ပါသည်။
အဆိုပါစာအုပ်သည် ၂ဝ၁၅ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် ဘာသာပြန်စာပေ ပထမဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ် အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။
''အုပ်ချုပ်မှု နှင့် နိုင်ငံသားဖြစ်မှု'' စာမူတွင် ဒီမိုကရေစီဖွံ့ဖြိုးစနိုင်ငံများတွင် ကောင်းမွန်သော အုပ်ချုပ်ရေး၊ သန့်ရှင်းသော အစိုးရနှင့် နိုင်ငံသားတို့ တာဝန်မှာ အရေးပါသော အခန်းက ပါဝင်နေပါသည်။ ဤအချက်ကို မီးမောင်းထိုးပြထားသည့် အိန္ဒိယနိုင်ငံ Viva Books က ထုတ်ဝေပြီး Eiditor Tapan Biswal တည်းဖြတ်သည့် ''Govermance & Citizenship'' စာအုပ်မှ အပိုင်းလေးပိုင်းဖြစ်သည့် ''Govermance'' ''Citizenship'' ''The Concept of Good Govermance'' နှင့် ''Rights and Obligations of Citizens and Civic Culture'' တို့ ဘာသာပြန်စာမူအတွက် ပြဋ္ဌာန်းခဲ့ပါသည်။ နိုင်ငံတစ်နိုင်ငံတွင် အုပ်ချုပ်ရေးနှင့် ပြည်သူ၊ ကောင်းမွန်သော အုပ်ချုပ်ရေးတို့၏ ခံယူချက်၊ ပြည်သူဖြစ်သော နိုင်ငံသူ၊ နိုင်ငံသားတို့၏ တာဝန်နှင့် ၀တ္တရားတို့ကို မူရင်းစာရေးဆရာများက ပိုင်းခြားသိမြင်အောင် ပြုစုခဲ့ကြသည်။ ဘာသာပြန်ဆိုသူသည် မူရင်းစာရေးသူများ၏ အာဘော်ကို အနီးစပ်ဆုံး မိအောင် ပြန်ဆိုထား ကြောင်း တွေ့ရသည်။ ဝေါဟာရများကိုလည်း အများနားလည်နိုင် တတ်နိုင်သမျှ ရှင်းလင်း ဖော်ပြနိုင်သည် ပြန်ဆိုရေးသားမှု ရှင်းလင်းပြီး အများလက်ခံနိုင်သည့် ဝါကျဖွဲ့ထုံးများ ဖြစ်သည်။ သက်ဆိုင်ရာ အခန်းခေါင်းစဉ်များအပြင် ခေါင်းစဉ်များမှအစ အမိရပြန်ဆိုထားသော စာအုပ်ကောင်း တစ်အုပ် ဖြစ်ပါသည်။
အဆိုပါစာအုပ်ကို အမှတ်
၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၂၄၉၀၃၁၊ ဝ၁-၃၈၁၄၄၈)
စာပေဗိမာန်စာအုပ်ဆိုင်မှ တန်ဖိုး ၁၀၀၀ ကျပ်ဖြင့် ဖြန့်ချိပြီး နေပြည်တော်
သပြေကုန်း စျေးရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၄၁၄၆၈၁)၊
မန္တလေးမြို့ ၈၆ လမ်း (၂၁ လမ်းနှင့် ၂၂ လမ်းကြား) ရှိ
စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၂-၃၀၁၈၆) တို့နှင့် အမြို့မြို့ရှိ
စာပေဗိမာန် ကိုယ်စားလှယ်ဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါသည်။
လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း
ဝ၁-၂၄၉၀၃၁၊ ဝ၁-၃၈၁၄၄၈) စာပေဗိမာန် စာအုပ်ဆိုင်သို့ ဆက်သွယ်နိုင်ကြောင်း
သိရသည်။