''နန္ဒာမင်းလွင်'' ရေးသားသည့် ''စည်းခုံတော်သမိုင်းနှင့် စစ်ကိုင်းတွင် မော်ကွန်းတင်ခဲ့သည့် ပုဂ္ဂိုလ်များ'' စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီ ဖြစ်ပါသည်။
အဆိုပါစာအုပ်သည် ၂ဝ၁၅ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် သုတပဒေသာ (ဝိဇ္ဇာ) ပထမဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲ စာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။
''စည်းခုံတော်သမိုင်းနှင့် စစ်ကိုင်းတွင် မော်ကွန်းတင်ခဲ့သည့် ပုဂ္ဂိုလ်များ'' စာမူတွင် စည်းခုံတော် သမိုင်းနှင့် စစ်ကိုင်းတွင်မော်ကွန်းတင်ခဲ့သည့် ပုဂ္ဂိုလ်များ ဟူ၍ နှစ်ပိုင်းတင်ပြထားသည်။
စည်းခုံတော်သမိုင်းတွင် ပုံဂံရွှေစည်းခုံ၊ စစ်ကိုင်း မဟာစည်ခုံတော်ကြီးစေတီ၊ မက္ခရာ စည်းခုံတော်ကြီး၊ ပင်းယစည်းခုံတော်ကြီး လေးဆူမှစ၍ စည်းခုံ စေတီတော် ၅၃ ဆူကို ဘွဲ့အမည်နှင့် တကွ ဖော်ပြရေးသားထားသည်။ မော်ကွန်းတင်ပုဂ္ဂိုလ်များတွင် ဆရာတော်များ၊ အမတ်၊ သူရဲကောင်း၊ စစ်သူကြီး များ၊ မိဖုရားများကို အထောက်အထား၊ အကိုးအကား ပြည့်စုံစွာ တင်ပြနိုင်ခြင်း၊ စာအုပ်စာတမ်းများကိုးကားနိုင်ခြင်းနှင့် အထူးသဖြင့် စစ်ကိုင်း တောင်ရိုး တစ်ခွင် ကွင်းဆင်းလေ့လာထားပြီး ကျောက်စာမင်စာများကိုပါ လေ့လာဖတ်ရှု တင်ပြနိုင်သည်ကို တွေ့ရသည်။
မြန်မာစကားပြေအရေးအသား ပြေပြစ်ချောမောခြင်း၊ စာအုပ်စာတမ်းများ ကိုးကားမှုပြည့်စုံခြင်း၊ ကွင်းဆင်းသုတေသနပြု၍ လက်တွေ့လေ့လာဖတ်ရှု တင်ပြနိုင်ခြင်း စသည့် ပြည့်စုံမှုတို့ရှိသည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်သည်။
အဆိုပါစာအုပ်ကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၂၄၉၀၃၁၊ ဝ၁-၃၈၁၄၄၈) စာပေဗိမာန်စာအုပ်ဆိုင်မှ တန်ဖိုး ၈၀၀ ကျပ်ဖြင့် ဖြန့်ချိပြီး နေပြည်တော် သပြေကုန်း စျေးရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၄၁၄၆၈၁)၊ မန္တလေးမြို့ ၈၆ လမ်း (၂၁ လမ်းနှင့် ၂၂ လမ်းကြား) ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၂-၃၀၁၈၆) တို့နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်ဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါသည်။ လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၂၄၉၀၃၁၊ ဝ၁-၃၈၁၄၄၈) စာပေဗိမာန် စာအုပ်ဆိုင်သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။