“ရွှေရင်းမာ” ရေးသားသည့် “ပျူသွေး” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီ ဖြစ်ပါသည်။
အဆိုပါစာအုပ်သည် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် ပြဇာတ်စာပေ တတိယဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။
“ပျူသွေး” မြစ်သားမြို့နယ်၊ မိုင်းမောဒေသဦ ပျူမျိုးနွယ်စုများ နေထိုင်သည့် ယပင်းရွာသူ၊ အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်ဘွဲ့ရ ဆရာမလေးကို အဓိကဇာတ်ကောင်အဖြစ်ထားလျက် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်၏ အနုသုခုမပညာရပ်များ သင်ကြားလေ့လာ ဆည်းပူးနိုင်ပုံနှင့် ယပင်းရွာသူရွာသားများ၏ ပျူယဉ်ကျေးမှုကို တန်ဖိုးထားထိန်းသိမ်းမှု၊ ယဉ်ကျေးလိမ္မာ ဝန်းကျင် တည်ဆောက်မှုတို့ကို နောက်ခံအဖြစ်ထားသည်။ ပျူယဉ်ကျေးမှုထွန်းကားခဲ့သည့် မြစ်သားမြို့၊ ပြည်မြို့တို့အကြောင်းကိုလည်း ဇာတ်ဖြည့်၍ တပ်မတော်မှ အင်ဂျင်နီယာဗိုလ်ကြီးနှင့် မေတ္တာဘွဲ့အပြင် ယပင်းရွာ၊ ဘုန်းတော်ကြီးကျောင်းဆရာတော်၏ မိမိသီတင်းသုံးရာ ရွာအတွက် ဘာသာ၊ သာသနာ ထွန်းကားအောင် အားထုတ်ကြိုးပမ်းမှုများကိုလည်း သရုပ်ပေါ်အောင် ရေးသားထားသည့် စာပေလက်ရာကောင်းတစ်အုပ် ဖြစ်ပေသည်။
အဆိုပါစာအုပ်ကို ရောင်းစျေး (၂၅၀၀) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။