“မျှဝေ (ဥက္ကံ)” ရေးသားသည့် “ဆင်သေပေါ်က ဆိတ်သားရေများ” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။
အဆိုပါစာအုပ်သည် ပခုက္ကူဦးအုံးဖေစာပေဆုပြိုင်ပွဲတွင် ဝတ္ထုရှည် ပထမဆုရစာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။
“ဆင်သေပေါ်က ဆိတ်သားရေများ” စာအုပ်တွင် တောဆင်ရိုင်းများကို သတ်ဖြတ်၍ အစွယ်ဖြတ်၊ နှာမောင်းဖြတ်၊ အရေခွံခွာ ၍ မသမာသောနည်းလမ်းများဖြင့် စီးပွားရှာဖွေကြပုံ၊ သစ်ခိုးဂိုဏ်းများက သစ်တောကြိုးဝိုင်းများထဲမှ သစ်လုံးများ ခိုးထုတ်ကြပုံ၊ ဖမ်းဆီးရမိသည့်အခါတွင်လည်း အရေအတွက်ကို လျှော့၍ ပိုင်ရှင်မဲ့ ပြုလုပ်ကြပုံများ၊ ယင်းဝိသမလောဘသားများနှင့် ဒေသဆိုင်ရာ အာဏာပိုင်ပုဂ္ဂိုလ် အချို့ကြားမှ ကိုယ်ကျင့်တရားပျက်ယွင်းမှုနှင့် လာဘ်ပေးလာဘ်ယူ အဂတိလိုက်စားမှုများအား တာဝန်သိ သစ္စာရှိသော ကျေးရွာအုပ်ချုပ်ရေးမှူး လူငယ်လေးတစ်ယောက်နှင့်အဖွဲ့က ဖော်ထုတ်နိုင်ခဲ့ပုံကို ကျစ်ကျစ်လျစ်လျစ်ဖြင့် စိတ်ဝင်စားဖွယ်ဖြစ်အောင် ရေးဖွဲ့ထားသော စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။
အဆိုပါစာအုပ်ကို ရောင်းဈေး (၁၅ဝဝ) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။