“ဒေါက်တာဆုမွန်လွင်” ရေးသားသည့် “ကြောင်ချစ်သူများ
သိမှတ်ဖွယ်ရာ ဗဟုသုတအဖြာြဖာ” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။
အဆိုပါစာအုပ်သည်
စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် သုတပဒေသာ (ရိုးရိုးသိပ္ပံနှင့် အသုံးချသိပ္ပံ) ပထမဆုရစာမူ
ဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။
“ကြောင်ချစ်သူများ သိမှတ်ဖွယ်ရာ ဗဟုသုတအဖြာြဖာ” စာအုပ်တွင် ကြောင်နှင့်ဆိုင်သည့် အကြောင်းအရာများစွာထဲမှ
ကြောင်ချစ်သူများနှင့် သက်ဆိုင်သော အချက်အလက်များကို ရွေးထုတ် တင်ပြထားသည်။ ကြောင်များ၏
မျိုးရင်းမှစကာ အိမ်မွေးကြောင်အမျိုးမျိုးကို ဓာတ်ပုံများနှင့် ပူးတွဲဖော်ပြ ထားသည်။
ကြောင်များ၏ စရိုက်သဘာဝ၊ ကြောင်ကို စတင်မွေးမြူလျှင် သိထားသင့်သည့်အချက်များ၊ ကြောင်တစ်ကောင်
မွေးဖွားသည်မှ အရွယ်ရောက်သည်အထိ ပြုစုစောင့်ရှောက်နည်း၊ ဖြစ်တတ်သော ရောဂါများနှင့်
ကြောင်ကာကွယ် ဆေးထိုးခြင်း၊ ကြောင်တစ်ကိုယ်ရေသန့်ရှင်းရေးတို့လည်း ပါဝင်သည်။ ကြောင်များ
ကြင်ဖော်ရှာသည့် ဓလေ့အပြင် ကြောင်များတွင် ကျရောက်တတ်သည့် အန္တရာယ်များကို စုံလင်စွာ
ထည့်သွင်းရေးသားထားသော စာအုပ်ကောင်းတစ်အုပ်ဖြစ်သည်။
အဆိုပါစာအုပ်ကို
ရောင်းဈေး (၂၅ဝဝ) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင်
(ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင်
(ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင်
(ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့်
လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊
၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။