၁၉၇၃ ခုနှစ်၊ ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၄၀ ကျော် စာချစ်သူများ လက်ခံအားပေး လာခဲ့သော စာပေဗိမာန်ထုတ် သုတပဒေသာစာစောင်ကို မျက်နှာဖုံးဒီဇိုင်း၊ အကြောင်းအရာနှင့် စာအုပ် အပြင်အဆင်တို့ ပြောင်းလဲပြီး ၂၀၁၆ ခုနှစ်၊ ဇူလိုင်လထုတ်မှစတင်၍ အသွင်သစ်ဖြင့် ထုတ်ဝေခဲ့ပါသည်။
လူငယ်များအတွက် အဓိကဦးတည်သော ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာ စာစောင်၌ နိုင်ငံတကာနှင့် မြန်မာ့ပညာရေး (မျက်နှာဖုံးဆောင်းပါး) တွင် မြန်မာ့ပညာရေးနှင့် ဥပဒေအမြင်၊ နိုင်ငံတကာနှင့် မြန်မာ့ပညာရေး၊ နိုင်ငံတကာနှင့် မြန်မာ့တက္ကသိုလ်ပညာရေး၊ ပညာရေး နှင့် လူ့စွမ်းအားအရင်းအမြစ်၊ ကဗျာကဏ္ဍတွင် အိုမာခယမ်မ်၏ တေးကဗျာများ၊ သတိနှင့်ဆင်ခြင် ဉာဏ်နှင့်ယှဉ် လူတွင်ပညာရှိ၊ အတွေးအခေါ်နှင့် တက်ကျမ်းဆိုင်ရာကဏ္ဍတွင် အသိလေးတွေ ကပ်ရအောင်၊ စတိုင်ကျကျ၊ အချိန်ကို အကျိုးရှိစွာ အသုံးချပါ၊ စေ့စေ့တွေးမှမှန်သော လောကကြီးတွင် နေထိုင်ခြင်း၊ လူငယ်ဆိုင်ရာကဏ္ဍတွင် လူငယ်နှင့် နိုင်ငံရေး၊ ဥပဒေဆိုင်ရာကဏ္ဍတွင် ကာကွယ်ခုခံပိုင်ခွင့်အကြောင်း သိကောင်းစရာ၊ သိပ္ပံနှင့် နည်းပညာ ဆိုင်ရာကဏ္ဍတွင် ရှေးခေတ်စစ်သင်္ဘောများ၊ ပဉ္စမမျိုးဆက် အဆင့်မြင့် ကိုယ်ပျောက်တိုက်လေယာဉ်၊ ရေငုပ်သင်္ဘော စစ်ပွဲနှင့် ကိုယ်ပျောက်ရေငုပ် သင်္ဘောများ၊ သဘာ၀ပတ်၀န်းကျင် ရှုထောင့်ဆိုင်ရာကဏ္ဍတွင် ပင်လယ်သမုဒ္ဒရာထဲရှိ ပင်လယ်မြက်များ၊ မူးယစ်ဆိုင်ရာကဏ္ဍတွင် မြန်မာနိုင်ငံနှင့် မူးယစ်ဆေးါး အန္တရာယ် အပိုင်း (၂)၊ တန်ပြန်စစ်ဆင်ရေး၊ ကျန်းမာရေးဆိုင်ရာကဏ္ဍတွင် ဆန်းသစ်ဖွေရှာ ဆေးပညာ (၁၈၉)၊ ဆေးပညာလောကမှ သတင်းများ၊ ဖောဋ္ဌဗ္ဗာရုံ၏ အစွမ်း၊ ဖြစ်ရပ်မှန်ကဏ္ဍတွင် ကန္တာရအတွင်း လမ်းပျောက်သူများ၊ ဖေးမကူညီ အခက်အခဲများကို ကျော်လွှားမည်၊ ၀တ္ထုတို ကဏ္ဍတွင် ဖေဖေကွယ်လွန်ချိန်တွင် ရခဲ့သည့် ဘ၀အသိ၊ မေတ္တာအင်အား စွမ်းပကား၊ အထွေထွေကဏ္ဍ တွင် ပရမ်းပတာနှင့် အစီအစဉ်တကျဖြစ်ခြင်း၊ လူစွမ်းလူစ ထုတ်ပြနိုင်အောင် လုပ်ဆောင် တတ်မှု အနုပညာ၊ ဖတ်သမျှ ဒဿန၊ ထိရောက်သော ပြောင်းလဲမှုအတွက် အဖွဲ့အစည်းကို ပြင်ဆင်ခြင်းနှင့် ဟာသတို့ ပါ၀င်ပါသည်။
အဆိုပါ သုတပဒေသာစာစောင်ကို တစ်အုပ်လျှင် ၂၅၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်စာအုပ်ဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်းဈေး၊ နေပြည်တော်၊ ဖုန်း-၀၆၇-၄၁၄၆၈၁၊ စာပေဗိမာန်စာအုပ်ဆိုင်၊ အမှတ် (၅၂၉/၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁-၂၄၉၀၃၁၊ ၀၁-၃၈၁၄၄၈၊ စာပေဗိမာန် စာအုပ်ဆိုင်၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း-၀၂-၃၀၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများ၊ မန္တလေးမြို့ရှိ ထွန်းဦးစာပေ၊ နဂါးစာပေနှင့် မြို့ အသီးသီးရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံ ၀ယ်ယူရရှိနိုင်ပြီး လက်ကားမှာယူလိုပါက စာပေဗိမာန်စာအုပ်ဆိုင် အမှတ် (၅၂၉/၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁-၂၄၉၀၃၁၊ ၀၁-၃၈၁၄၄၈ သို့ ဆက်သွယ်မှာယူ နိုင်ပါသည်။