၁၉၇၃ ခုနှစ်၊ ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၄၀ ကျော် စာချစ်သူများ လက်ခံအားပေး လာခဲ့သော စာပေဗိမာန်ထုတ် သုတပဒေသာစာစောင်ကို မျက်နှာဖုံးဒီဇိုင်း၊ အကြောင်းအရာနှင့် စာအုပ် အပြင်အဆင်တို့ ပြောင်းလဲပြီး ၂၀၁၆ ခုနှစ်၊ ဇူလိုင်လထုတ်မှစတင်၍ အသွင်သစ်ဖြင့် ထုတ်ဝေခဲ့ပါသည်။
လူငယ်များအတွက် အဓိကဦးတည်သော ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလထုတ် သုတပဒေသာ စာစောင်၌ သက်ကြီးရွယ်အိုဘ၀မြှင့်တင်ဖို့ အားလုံးပါ၀င် ဆောင်ရွက်စို့ (မျက်နှာဖုံးဆောင်းပါး) တွင် သက်ကြီးရွယ်အိုနှင့် ဥပဒေအမြင်၊ သက်ကြီးရွယ်အိုဘ၀ အနာဂတ်ကောင်းမွန်စေဖို့ ဝိုင်း၀န်း ဆောင်ရွက်ကြ ပါစို့၊ သက်ကြီးရွယ်အိုဘ၀ မြှင့်တင်ကြပါစို့၊ သက်ကြီးရွယ်အိုဘ၀ မြှင့်တင်ဖို့ အားလုံးပါ၀င်ဆောင်ရွက်စို့၊ သက်ကြီးရွယ်အိုများကို ပြုစုလျှင် စိတ်ရှည်ရှည် ထားပါ၊ ကဗျာကဏ္ဍတွင် အိုမာခယမ်မ်၏ တေးကဗျာများ (၂)၊ အမေအို၊ အတွေးအခေါ်နှင့် တက်ကျမ်းဆိုင်ရာကဏ္ဍတွင် တိုးပွားအောင် ဖြည့်ဆည်းပါ၊ ပညာရေးဆိုင်ရာကဏ္ဍတွင် ပညာခေတ်ကြီးမှာ ပညာရှာမယ်၊ နိုင်ငံရေး ဆိုင်ရာကဏ္ဍတွင် ဂျီဘရော်လ်တာ ကျောက်ဆောင်ဒေသ ၏အခြေအနေ၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာ ကဏ္ဍတွင် သတင်းအချက်အလက် ခေတ်ပြိုင် ဂလိုဘယ်လိုက်ဇေးရှင်း၊ သဘာ၀ပတ်၀န်းကျင် ရှုထောင့်ဆိုင်ရာကဏ္ဍတွင် အသံတိတ် လူသတ်သမား၊ သဘာ၀ပတ်၀န်းကျင်ရေးရာ ပြဿနာများ၊ စီးပွားရေးဆိုင်ရာကဏ္ဍတွင် e-Government တွင် အရေးပါလာသော ပုဂ္ဂလိက အခန်းကဏ္ဍ၊ မူးယစ်ဆိုင်ရာကဏ္ဍတွင် ရာဘစိတ်ကြွဆေးပြား၊ ကျန်းမာရေးဆိုင်ရာကဏ္ဍတွင် ခြေသည်း၊ လက်သည်းကပြောသော ကျန်းမာရေး၊ ကမ္ဘာကြီးကို ကယ်တင်မည့် အစားအစာ ငါးမျိုး၊ ကလေးများနှင့် ပိုးသတ်ဆေး အန္တရာယ်၊ ဆန်းသစ်ဖွေရှာ ဆေးပညာ (၁၉၀)၊ ဖြစ်ရပ်မှန်ကဏ္ဍတွင် လမ်းပျောက် နေသော ခရီးသည်ကြီး၊ ဂျွန်အက်ဖ်ကနေဒီကို မည်သူသတ်သနည်း၊ ၀တ္ထုတိုကဏ္ဍတွင် မြစ်တစ်စင်းနဲ့ ချစ်ခြင်းဖွဲ့သီ၊ အောက်မေ့ဖွယ်ရာ မီးရထားဆေးရုံ များ၊ စမ်းချောင်းလေးကို ပြန်အသက်သွင်းသူ၊ ဖေဖေပေးတဲ့ အသက်၊ အထွေထွေကဏ္ဍတွင် အမွေးပေါက်တဲ့ဖား၊ မှုခင်းများကို နှိမ်နင်းမည့် အမျိုးသမီး ရဲတပ်ဖွဲ့၊ မှန်မှန်ကန်ကန် အိပ်ပါ၊ ဖတ်သမျှ ဒဿန၊ ချစ်ခင်သနား ပိုက်ငြိငှက်များ၊ လိုက်လျောညီထွေမှု သဘောတရားနှင့် ဟာသတို့ ပါ၀င်ပါသည်။
အဆိုပါ သုတပဒေသာစာစောင်ကို တစ်အုပ်လျှင် ၂၅၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်စာအုပ်ဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်းဈေး၊ နေပြည်တော်၊ ဖုန်း-၀၆၇-၄၁၄၆၈၁၊ စာပေဗိမာန်စာအုပ်ဆိုင်၊ အမှတ် (၅၂၉/၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁-၂၄၉၀၃၁၊ ၀၁-၃၈၁၄၄၈၊ စာပေဗိမာန် စာအုပ်ဆိုင်၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း-၀၂-၃၀၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများ၊ မန္တလေးမြို့ရှိ ထွန်းဦးစာပေ၊ နဂါးစာပေနှင့် မြို့အသီးသီးရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံ ၀ယ်ယူရရှိနိုင်ပြီး လက်ကားမှာယူလိုပါက စာပေဗိမာန်စာအုပ်ဆိုင် အမှတ် (၅၂၉/၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁-၂၄၉၀၃၁၊ ၀၁-၃၈၁၄၄၈ သို့ ဆက်သွယ်မှာယူ နိုင်ပါသည်။