၁၉၇၃ ခုနှစ်၊ ဇူလိုင်လမှ စတင်ထုတေ်၀ခဲ့ပြီး နှစ်ပေါင်း ၄၀ ကျော် စာချစ်သူများ လက်ခံအားပေး လာခဲ့သော စာပေဗိမာန်ထုတ် သုတပဒေသာစာစောင်ကို မျက်နှာဖုံးဒီဇိုင်း၊ အကြောင်းအရာနှင့် စာအုပ် အပြင်အဆင်တို့ ပြောင်းလဲပြီး ၂၀၁၆ ခုနှစ်၊ ဇူလိုင်လထုတ်မှစတင်၍ အသွင်သစ်ဖြင့် ထုတ်ဝေခဲ့ပါသည်။
လူငယ်များအတွက် အဓိကဦးတည်သော ၂၀၁၇ ခုနှစ်၊ နို၀င်ဘာလထုတ် သုတပဒေသာ စာစောင်၌ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု၏ အကျိုးရလဒ် (မျက်နှာဖုံးဆောင်းပါး) တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု နှင့် ဥပဒေအမြင်၊ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု၏ အကျိုးရလဒ်၊ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု၏ အကျိုးဖြစ်ထွန်းမှုများ၊ ကဗျာကဏ္ဍတွင် အိုမာခယမ်၏ တေးကဗျာများ (၃)၊ အမုန်းတရား တို့ဖယ်ရှား မြဲခိုင်တွဲလက်များ၊ အတွေးအခေါ် နှင့် တက်ကျမ်းဆိုင်ရာကဏ္ဍတွင် တန်ဖိုး မဖြတ်နိုင်သော အရင်းအနှီး၊ ငွေဆိုတာ ငွေကိုခေါ်တယ်၊ ဆင်းရဲခြင်းလွတ်ကင်းအောင်၊ မည်သူမဆို ချမ်းသာနိုင် သည်၊ စစ်ရေးဆိုင်ရာ ကဏ္ဍတွင် ဆိုးဝါးလာဖွယ် အာရှစစ်ပွဲအန္တရာယ်၊ နိုင်ငံရေးဆိုင်ရာကဏ္ဍတွင် ကက်ရှ်မီးယား နိုင်ငံရေး၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာ ကဏ္ဍတွင် ရှေးခေတ်စစ်သင်္ဘောများ အပိုင်း (၂)၊ ဒစ်ဂျစ်တယ် နိုင်ငံသား၊ လူငယ်ဆိုင်ရာကဏ္ဍတွင် မိတ်ဖက်ရှာပါ၊ စီးပွားရေးဆိုင်ရာ ကဏ္ဍတွင် သြစတြေးလျ တောမြို့လေး၊ မူးယစ်ဆိုင်ရာကဏ္ဍတွင် စင်ကာပူနိုင်ငံနှင့် မူးယစ်ဆေးဝါးအန္တရာယ်၊ ကျန်းမာရေးဆိုင်ရာကဏ္ဍတွင် အိမ်မွေးတိရစ္ဆာန်ဖြင့် စိတ်ကုထုံး၊ ကလေးများ၏ ကျန်းမာရေး၊ ဆန်းသစ်ဖွေရှာ ဆေးပညာ (၁၉၁)၊ သဘာ၀ပတ်၀န်းကျင်ရှုထောင့်ဆိုင်ရာကဏ္ဍတွင် လေသွင်းအသုံးပြုရသည့် ရော်ဘာတမံများ၊ ဖြစ်ရပ်မှန် ကဏ္ဍတွင် ထိုခရီးသို့သွားရန်လမ်း၊ ပင်လယ်ရေ မြင့်တက်လာမှုကို အံတုခြင်း၊ သေဘေးမှ အသက်တစ်ရှိုက် အလို၊ ၀တ္ထုတို ကဏ္ဍတွင် ကျွန်မငယ်ငယ် ကိုးနှစ်အရွယ်က၊ အရိုင်းအယဉ် သံယောဇဉ်၊ အထွေထွေကဏ္ဍ တွင် ကမ္ဘာ့အကြီးဆုံး စိန်ရိုင်းတုံးကြီး၊ မြေငလျင်နှင့် ကမ္ဘာမြေအပေါ်လွှာများ၏ လှုပ်ရှားမှု၊ ငါးတွေ ဘယ်လိုအိပ်၊ ကူညီမှုလေး၊ ပြောင်းလဲခြင်းသည်သာ၊ အကျပ်အတည်းကို အနိုင်ယူတတ်မှု အနုပညာနှင့် ဟာသတို့ ပါ၀င်ပါသည်။
အဆိုပါ သုတပဒေသာစာစောင်ကို တစ်အုပ်လျှင် ၂၅၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်စာအုပ်ဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်းဈေး၊ နေပြည်တော်၊ ဖုန်း-၀၆၇-၄၁၄၆၈၁၊ စာပေဗိမာန်စာအုပ်ဆိုင်၊ အမှတ် (၅၂၉/၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁-၂၄၉၀၃၁၊ ၀၁-၃၈၁၄၄၈၊ စာပေဗိမာန် စာအုပ်ဆိုင်၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း-၀၂-၃၀၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများ၊ မန္တလေး မြို့ရှိ ထွန်းဦးစာပေ၊ နဂါးစာပေနှင့် မြို့အသီးသီးရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံ ၀ယ်ယူရရှိနိုင်ပြီး လက်ကားမှာယူလိုပါက စာပေဗိမာန်စာအုပ်ဆိုင် အမှတ် (၅၂၉/၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁-၂၄၉၀၃၁၊ ၀၁-၃၈၁၄၄၈ သို့ ဆက်သွယ်မှာယူ နိုင်ပါသည်။