၁၉၇၃ ခုနှစ်၊ ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၄ဝ ကျော် စာချစ်သူများ လက်ခံ အားပေးလာခဲ့သော စာပေဗိမာန်ထုတ် သုတပဒေသာစာစောင်ကို မျက်နှာဖုံးဒီဇိုင်း၊ အကြောင်း အရာနှင့် စာအုပ်အပြင်အဆင်တို့ ပြောင်းလဲပြီး ၂၀၁၆ ခုနှစ်၊ ဇူလိုင်လထုတ်မှစတင်၍ အသွင်သစ်ဖြင့် ထုတ်ဝေခဲ့ပါသည်။
လူငယ်များအတွက် အဓိကဦးတည်သော ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလထုတ် သုတပဒေသာ စာစောင်၌ လူငယ်နှင့် စွန့်ဦးတီထွင်မှု (မျက်နှာဖုံးဆောင်းပါး) တွင် စွန့်ဦးတီထွင် လူငယ်များ၏ အခန်းကဏ္ဍ၊ လူငယ်နှင့်် စွန့်ဦးတီထွင်မှု၊ လူငယ်လုပ်ငန်းရှင်များနှင့်် ရေရှည်တည်တံ့သော စီးပွားရေး၊ ကဗျာကဏ္ဍတွင် ကြည်နူးဖွယ်ဘ၀၏ စိတ်နေစိတ်ထား၊ စိတ်မှာပျော်ရွှင် ရုပ်တွင်ရွှင်ပြုံး၊ အတွေး အခေါ်နှင့် တက်ကျမ်းဆိုင်ရာကဏ္ဍတွင် ကိုယ့််ဘ၀အတွက် ရာနှုန်းပြည့််တာဝန်ယူပါ၊ စိန်ခေါ်ခြင်း များနှင့်အတူ၊ အရှုံးကို အရင်းပြု၍၊ ဒီမိုကရေစီဆိုင်ရာကဏ္ဍတွင် ဒီမိုကရေစီစနစ်သို့ အသွင် ကူးပြောင်းရာတွင် သတင်းမီဒီယာ၏ အခန်းကဏ္ဍ၊ နိုင်ငံတကာဆိုင်ရာကဏ္ဍတွင် အမုန်းစကား တောမီးပမာ၊ အာတိတ်ဒေသ ကုန်သွယ်ရေကြောင်း လမ်းသစ်၊ စီးပွားရေးဆိုင်ရာကဏ္ဍတွင် စီးပွားရေးလုပ်ငန်းအောင်မြင်မှုနှင့်် သုညအခြေခံတွေးခေါ်မှု၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာကဏ္ဍတွင် ကွန်ကော့ လေကြောင်းပျံသန်းရေး၊ သဘာ၀ပတ်ဝန်းကျင်ရှုထောင့်ဆိုင်ရာကဏ္ဍတွင် လေကြောင်း ခရီး နှင်နိုင်သည့်ပင့်ကူ၊ မိုးပေါ်မှကျလာသည့် အထူးအဆန်းများ၊ ကြီးမားသော ဒိုင်နိုဆောကျောက်ဖြစ် ရုပ်ကြွင်း၊ မူးယစ်ဆိုင်ရာကဏ္ဍတွင် အမေရိကန်နိုင်ငံ၏ မူးယစ်ဆေးစွဲမှုပြဿနာ၊ ကျန်းမာရေး ဆိုင်ရာကဏ္ဍတွင် ဆေးလည်းအစာ အစာလည်းဆေး၊ ဆန်းသစ်ဖွေရှာ ဆေးပညာ (၂၁၅)၊ ထာ၀ရနှလုံး စဉ်သာပြုံး၊ ဖြစ်ရပ်မှန်ကဏ္ဍတွင် အန်တီ ဘက်တီ၊ အံ့မခန်းဖွယ်ရာ ထောင်ပေါင်း များစွာ၊ ဝါသနာဆိုတာ၊ ၀တ္ထုတိုကဏ္ဍတွင် မှော်စွမ်းပြယ်ချိန်၊ အပ်ကိုရင်း၍ မင်းဖြစ်လာသူ၊ မပြေး သော်လည်း၊ အတွေးကောင်းသူ၊ အထွေထွေကဏ္ဍတွင် ဖတ်သမျှ ဒဿနနှင့်် ဟာသတို့ ပါဝင် ပါသည်။
အဆိုပါ သုတပဒေသာစာစောင်ကို တစ်အုပ်လျှင် ၂၅ဝဝ ကျပ်နှုန်းဖြင့် စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်၊ ဖုန်း ဝ၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၂၄၉ဝ၃၁၊ ၀၁- ၃၈၁၄၄၈၊ စာပေဗိမာန်စာအုပ်ဆိုင်၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း ဝ၂- ၄၀၃ဝ၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများ၊ မန္တလေးမြို့ရှိ ထွန်းဦးစာပေ၊ နဂါးစာပေနှင့် မြို့အသီးသီးရှိ စာပေဗိမာန်ကိုယ်စားလှယ်များထံ ဝယ်ယူရရှိနိုင်ပြီး လက်ကားမှာယူလိုပါက စာပေဗိမာန် စာအုပ်ဆိုင် အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၂၄၉ဝ၃၁၊ ၀၁- ၃၈၁၄၄၈ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။