၁၉၇၃ ခုနှစ်၊ ဇူလိုင်လမှ စတင်ထုတေ်၀ခဲ့ပြီး နှစ်ပေါင်း ၄၀ ကျော် စာချစ်သူများ လက်ခံအားပေး လာခဲ့သော စာပေဗိမာန်ထုတ် သုတပဒေသာစာစောင်ကို မျက်နှာဖုံးဒီဇိုင်း၊ အကြောင်းအရာနှင့် စာအုပ် အပြင်အဆင်တို့ ပြောင်းလဲပြီး ၂၀၁၆ ခုနှစ်၊ ဇူလိုင်လထုတ်မှစတင်၍ အသွင်သစ်ဖြင့် ထုတ်ဝေခဲ့ပါသည်။
လူငယ်များအတွက် အဓိကဦးတည်သော ၂၀၁၇ ခုနှစ်၊ မေလထုတ် သုတပဒေသာစာစောင်၌ တိုင်းရင်းသားစာပေဖွံ့ဖြိုးရေး (မျက်နှာဖုံးဆောင်းပါး) တွင် တိုင်းရင်းသားစာပေဖွံ့ဖြိုးရေးနှင့် ဥပဒေအမြင်၊ တိုင်းရင်းသားစာပေဖွံ့ဖြိုးရေး၊ တိုင်းရင်းသားနှင့် တိုင်းရင်းသားစာစကား၊ စာပေမြင့်မှ လူမျိုးတင့်မည်၊ တိုင်းရင်းသားစာပေဖွံ့ဖြိုးဖို့ ဝိုင်း၀န်းကြိုးပမ်းကြပါစို့၊ ကဗျာကဏ္ဍ တွင် ဘ၀နာရီ၊ ဆိုးသည့်ကြမ္မာ ငါ့ထံမှာ၊ နိုင်ငံရေးဆိုင်ရာကဏ္ဍတွင် ၂၀ ရာစု ပင်လုံ ညီလာခံအကြိုကာလ တိုင်းရင်းသားစည်းလုံးရေး ကြိုးပမ်းချက်များ၊ အတွေးအခေါ်နှင့် တက်ကျမ်းဆိုင်ရာကဏ္ဍတွင် ဘာပဲဖြစ်ဖြစ်၊ ကြည်ညိုလေးစား တန်ဖိုးထားမှု အနုပညာ၊ အမှားတွေအတွက် စိုးကြောက် မနေနဲ့၊ အောင်မြင်ကြီးပွားရေး နည်းလမ်း ငါးသွယ်၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာကဏ္ဍတွင် အာကာသ၀ယ် စူးစမ်းမယ်၊ စီးပွားဖြစ် ဂြိုဟ်တု လွှတ်တင်ရေး၊ နိုင်ငံတကာရေးရာကဏ္ဍတွင် အလုပ်သမားများအတွက် အနည်းဆုံးအခကြေးငွေ၊ ရေနံ ဈေးနှုန်းများ ကျဆင်းခြင်းနှင့် စီးပွားရေး ရလဒ်၊ အပစ်အခတ်ရပ်စဲရေးနှင့် ယီမင်ပြည်တွင်းစစ်၊ သဘာ၀ပတ်၀န်းကျင် ရှုထောင့်ဆိုင်ရာကဏ္ဍတွင် စောင့်ရှောက်ပါလေ သဘာ၀တောရိုင်းမြေ၊ ကာကွယ်ကြမည် ခရမ်းလွန်ရောင်ခြည်၊ လယ်ယာကဏ္ဍဈေးကွက်နှင့် ဖွံ့ဖြိုးမှု၊ မူးယစ်ဆိုင်ရာကဏ္ဍတွင် မက္ကဆီကို နိုင်ငံ၏ မူးယစ်ဆေးဝါး နှိမ်နင်းရေး၊ ကလေးငယ် ဆေးစွဲလျှင်၊ တူရကီနိုင်ငံ၏ ဘိန်းစိုက်ပျိုးရေး၊ ကျန်းမာရေးဆိုင်ရာကဏ္ဍတွင် ဆန်းသစ် ဖွေရှာ ဆေးပညာ (၁၈၅)၊ သွေးစစ်ဆေးခြင်းနှင့် ကလေး တီဘီရောဂါ၊ ဆေးလိပ်မသောက်သူများနှင့် အဆုတ်ကင်ဆာ၊ ဖြစ်ရပ်မှန်ကဏ္ဍတွင် ငါးမန်းနှင့် ရင်ဆိုင်တိုက်ပွဲ၊ အရေးကြုံသော်၊ ၀တ္ထုတိုကဏ္ဍတွင် ဆူးကြားက ပန်းနှင်းဆီ၊ အထွေထွေကဏ္ဍတွင် ဖတ်သမျှ ဒဿန၊ ကိုယ်ရောင်ဖျောက် တိရစ္ဆာန်များနှင့် ဟာသတို့ ပါ၀င်ပါသည်။
အဆိုပါ သုတပဒေသာစာစောင်ကို တစ်အုပ်လျှင် ၂၅၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်စာအုပ်ဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်းဈေး၊ နေပြည်တော်၊ ဖုန်း-၀၆၇-၄၁၄၆၈၁၊ စာပေဗိမာန်စာအုပ်ဆိုင်၊ အမှတ် (၅၂၉/၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁-၂၄၉၀၃၁၊ ၀၁-၃၈၁၄၄၈၊ စာပေဗိမာန် စာအုပ်ဆိုင်၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း-၀၂-၃၀၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများ၊ မန္တလေးမြို့ရှိ ထွန်းဦးစာပေ၊ နဂါးစာပေနှင့် မြို့အသီးသီးရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံ ၀ယ်ယူရရှိနိုင်ပြီး လက်ကားမှာယူလိုပါက စာပေဗိမာန်စာအုပ်ဆိုင် အမှတ် (၅၂၉/၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁-၂၄၉၀၃၁၊ ၀၁-၃၈၁၄၄၈ သို့ ဆက်သွယ်မှာယူ နိုင်ပါသည်။