၁၉၇၃ ခုနှစ်၊ ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၄၀ ကျော် စာချစ်သူများ လက်ခံအားပေး လာခဲ့သော စာပေဗိမာန်ထုတ် သုတပဒေသာစာစောင်ကို မျက်နှာဖုံးဒီဇိုင်း၊ အကြောင်းအရာနှင့် စာအုပ် အပြင်အဆင်တို့ ပြောင်းလဲပြီး ၂၀၁၆ ခုနှစ်၊ ဇူလိုင်လထုတ်မှစတင်၍ အသွင်သစ်ဖြင့် ထုတ်ဝေခဲ့ပါသည်။
လူငယ်များအတွက် အဓိကဦးတည်သော ၂၀၁၈ ခုနှစ်၊ မတ်လထုတ် သုတပဒေသာစာစောင်၌ မြန်မာ့ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး (မျက်နှာဖုံး ဆောင်းပါး) တွင် မြန်မာ့လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ လယ်ယာကဏ္ဍနှင့် ဥပဒေအမြင်၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ မြန်မာ့လယ်ယာ ကဏ္ဍ ဖွံ့ဖြိုးဖို့ ဝိုင်း၀န်းကြိုးပမ်းကြပါစို့၊ ကဗျာကဏ္ဍတွင် အလင်းရောင်၊ ''တစ်'' ဂဏန်း၏ သူ့စွမ်းအား၊ အတွေးအခေါ်နှင့် တက်ကျမ်းဆိုင်ရာကဏ္ဍတွင် အကောင်းဆုံးလူတွေကို ရယူနိုင်ရမယ်၊ တည်ငြိမ်မှုသည် စွမ်းအား၊ အနာဂတ်လူငယ်နှင့် Facebook၊ အကောင်းဆုံးလုပ်ရင်း စိတ်ရှင်းပါစေ၊ နိုင်ငံတကာ ရေးရာကဏ္ဍတွင် ကင်ဂျုံအန်၏ ဘ၀ပုံရိပ်များ၊ နယ်စပ်ခြံစည်းရိုးတံတိုင်းများ၊ e-ASEAN ၏ အကျိုး ဖြစ်ထွန်းမှုများ၊ သဘာ၀ပတ်၀န်းကျင်ရှုထောင့် ဆိုင်ရာကဏ္ဍတွင် ရေညှိရေမှော်ပင် သို့မဟုတ် အသက်ဇီ၀ကိုပေးသူ၊ အရိုးစားတဲ့ သစ်ကုလားအုတ်နဲ့ မြက်စားတဲ့ ငါးမန်း၊ မူးယစ်ဆိုင်ရာကဏ္ဍတွင် မူးယစ်ဆေးဝါးကင်းစင်သည့် လှပသောလူ့ဘောင်၊ မူးယစ်ဆေးဝါး မှောင်ခိုရောင်း၀ယ်သူတို့၏ လမ်းကြောင်း၊ ကျန်းမာရေးဆိုင်ရာကဏ္ဍတွင် ဆန်းသစ်ဖွေရှာဆေးပညာ (၁၉၅) ၊ ကလေးများ၏ ဉာဏ်ရည်ဉာဏ်သွေး၊ ၀လွန်းခြင်းကူးစက်ရောဂါ၊ ဖြစ်ရပ်မှန်ကဏ္ဍတွင် စိန်မလိုပါ၊ လမ်းပေါ်မှာ၊ လွတ်မြောက်မှု ခရီးကြမ်း၊ ၀တ္ထုတိုကဏ္ဍတွင် ခေါင်းလောင်းသံလွင်လွင် မြစ်ကမ်းတစ်ခွင်၊ လည်ဆွဲ ရတနာ၊ ဒေဝါသိကြား မ,စပါ အထွေထွေကဏ္ဍတွင် ပျော်ရွှင်၀မ်းမြောက်မှု အနုပညာ၊ ကျားနှင့် မ ဘာတွေ ကွဲပြားခြားနားသလဲနှင့် ဟာသတို့ ပါ၀င်ပါသည်။
အဆိုပါ သုတပဒေသာစာစောင်ကို တစ်အုပ်လျှင် ၂၅၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်စာအုပ်ဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်းဈေး၊ နေပြည်တော်၊ ဖုန်း-၀၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန်စာအုပ်ဆိုင်၊ အမှတ် (၅၂၉/၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁-၂၄၉၀၃၁၊ ၀၁-၃၈၁၄၄၈၊ စာပေဗိမာန် စာအုပ်ဆိုင်၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း-၀၂-၃၀၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများ၊ မန္တလေးမြို့ရှိ ထွန်းဦးစာပေ၊ နဂါးစာပေနှင့် မြို့အသီးသီးရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံ ၀ယ်ယူရရှိနိုင်ပြီး လက်ကားမှာယူလိုပါက စာပေဗိမာန်စာအုပ်ဆိုင် အမှတ် (၅၂၉/၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁-၂၄၉၀၃၁၊ ၀၁-၃၈၁၄၄၈ သို့ ဆက်သွယ်မှာယူ နိုင်ပါသည်။