၁၉၇၃ ခုနှစ်၊ ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၄၀ ကျော် စာချစ်သူများ လက်ခံအားပေး လာခဲ့သော စာပေဗိမာန်ထုတ် သုတပဒေသာစာစောင်ကို မျက်နှာဖုံးဒီဇိုင်း၊ အကြောင်းအရာနှင့် စာအုပ် အပြင်အဆင်တို့ ပြောင်းလဲပြီး ၂၀၁၆ ခုနှစ်၊ ဇူလိုင်လထုတ်မှစတင်၍ အသွင်သစ်ဖြင့် ထုတ်ဝေခဲ့ပါသည်။
လူငယ်များအတွက် အဓိကဦးတည်သော ၂၀၁၉ ခုနှစ်၊ မတ်လထုတ် သုတပဒေသာစာစောင်၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကာကွယ်ရေး (မျက်နှာဖုံးဆောင်းပါး) တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကာကွယ်ရေး၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု၊ အမျိုးသမီးများကို ထိရောက်စွာ ကာကွယ်ပေးမည့် ဥပဒေ၊ အမျိုးသမီးများအပေါ် အကာအကွယ်ပေးရေး၊ ကဗျာကဏ္ဍတွင် ရွှေရောင် လွှမ်းတဲ့ ပန်းဝါလေးများ၊ နွေဦးဂိမှာန် အထီးကျန်၊ အတွေးအခေါ်နှင့် တက်ကျမ်းဆိုင်ရာကဏ္ဍတွင် ကြီးမြတ်သော အရည်အချင်း၊ စွန့်စားမှုကို ရပ်တန့်လိုက်ပါ၊ နိုင်ငံတကာဆိုင်ရာကဏ္ဍတွင် အာဖရိကနှင့် လူသားဗီဇဌာနေ၊ ဘေးကင်းလုံခြုံမှု အရှိဆုံးမြို့၊ အာတိတ်စက်ဝိုင်းဒေသ စစ်အေးတိုက်ပွဲ၊ စီမံခန့်ခွဲမှု ဆိုင်ရာကဏ္ဍတွင် ဗျူရိုကရေစီ၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာကဏ္ဍတွင် သိပ္ပံရဲ့အစကတော့ စူးစမ်းမှု၊ သဘာ၀ပတ်၀န်းကျင်ရှုထောင့်ဆိုင်ရာကဏ္ဍတွင် အဖျက်စွမ်းအားမြင့် ငလျင်၊ အကောင်ပေါက် တွေကို နို့တိုက်တဲ့ ပင့်ကူ၊ မူးယစ်ဆိုင်ရာကဏ္ဍတွင် မူးယစ်ဆေးဝါးသုံးစွဲမှု တိုက်ဖျက်ရေး၊ ကျန်းမာရေးဆိုင်ရာ ကဏ္ဍတွင် ဆန်းသစ် ဖွေရှာ ဆေးပညာ (၂၀၇)၊ ဖြစ်ရပ်မှန်ကဏ္ဍတွင် ဖြစ်တည်လာခြင်း၊ ကနေဒီနှင့် တော်ပီဒိုဘုတ်(ပီတီ-၁၀၉)၊ စိတ်တူကိုယ်တူ၊ ၀တ္ထုတိုကဏ္ဍတွင် ချစ်ခြင်း၏ သင်္ကေတ၊ ကင်ဆာများနှင့် ကျွန်မ၊ ထိုလက်ကိုင်ပုဝါ၊ သစ္စာရှိ ဆင်လိမ္မာ၊ အထွေထွေကဏ္ဍတွင် ပြည်သူ့စာကြည့်တိုက်လုပ်ငန်း ဖွံ့ဖြိုးမှုလမ်းညွှန်များ၊ ကြော်ငြာယဉ်ကျေးမှုနှင့် ဟာသတို့ ပါ၀င်ပါသည်။
အဆိုပါ သုတပဒေသာစာစောင်ကို တစ်အုပ်လျှင် ၂၅၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်စာအုပ်ဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်းဈေး၊ နေပြည်တော်၊ ဖုန်း-၀၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန်စာအုပ်ဆိုင်၊ အမှတ် (၅၂၉/၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁-၂၄၉၀၃၁၊ ၀၁-၃၈၁၄၄၈၊ စာပေဗိမာန် စာအုပ်ဆိုင်၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း-၀၂-၄၀၃၀၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများ၊ မန္တလေးမြို့ရှိ ထွန်းဦးစာပေ၊ နဂါးစာပေနှင့် မြို့အသီးသီးရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံ ၀ယ်ယူရရှိနိုင်ပြီး လက်ကားမှာယူလိုပါက စာပေဗိမာန်စာအုပ်ဆိုင် အမှတ် (၅၂၉/၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁-၂၄၉၀၃၁၊ ၀၁-၃၈၁၄၄၈ သို့ ဆက်သွယ်မှာယူ နိုင်ပါသည်။