၁၉၇၃ ခုနှစ်၊ ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၄၀ ကျော် စာချစ်သူများ လက်ခံအားပေး လာခဲ့ သော စာပေဗိမာန်ထုတ် သုတပဒေသာစာစောင် မျက်နှာဖုံးဒီဇိုင်း၊ အကြောင်းအရာနှင့် စာအုပ် အပြင်အဆင်တို့ ပြောင်းလဲပြီး ၂၀၁၆ ခုနှစ်၊ ဇူလိုင်လထုတ်မှစတင်၍ အသွင်သစ်ဖြင့် ထုတ်ဝေခဲ့ပါသည်။
လူငယ်များအတွက် အဓိကဦးတည်သော ၂၀၁၈ ခုနှစ်၊ ဇွန်လထုတ် သုတပဒေသာစာစောင်၌ နိုင်ငံသားတို့ ၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေး (မျက်နှာဖုံးဆောင်းပါး) တွင် နိုင်ငံသားတို့၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံသားတို့၏ ဟန်ချက်ညီသော လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံသားနှင့် လူမှုစီးပွားဘ၀၊ ကဗျာကဏ္ဍတွင် ဘ၀မျိုးစုံ ကမ္ဘာ့ဇာတ်ခုံ၊ စိတ်ဓာတ် ကြံ့ခိုင်သူ၊ ရွေးကောက်ပွဲဆိုင်ရာ ကဏ္ဍတွင် ရွေးကောက်ပွဲလုပ်ငန်းစဉ် များတွင် မသန်စွမ်းသူများ ပိုမိုပါ၀င်လာစေရေး၊ လူငယ်ဆိုင်ရာ ကဏ္ဍတွင် လူငယ်နဲ့ သမိုင်း၊ အတွေးအခေါ်နှင့် တက်ကျမ်းဆိုင်ရာကဏ္ဍတွင် အောင်မြင်မှု တစ်ခုချင်း သည် နောက်ထပ်အောင်မြင်မှု၏ အစဖြစ်သည်၊ ခေါင်းဆောင်မှု ပုံစံအသစ်လား၊ စကားအလိမ္မာ အောင်မြင်ရာ၊ နိုင်ငံတကာရေးရာကဏ္ဍတွင် ဆီးရီးယားပြည်တွင်းစစ်နှင့် အင်အားကြီး နိုင်ငံများ၏ အကျိုးစီးပွားများ၊ ကမ္ဘာကြီးက လျစ်လျူရှုထားသည့်စစ်ပွဲ၊ အရှေ့အလယ်ပိုင်းဒေသ စစ်ပွဲများ၊ စီးပွားရေးဆိုင်ရာဏ္ဍတွင် စွန့်ဦးတီထွင်လုပ်ငန်း၏ အားနည်းချက်များ၊ သိပ္ပံနှင့်နည်းပညာဆိုင်ရာကဏ္ဍ တွင် ၂၀၁၇ ခုနှစ် သိပ္ပံတွေ့ရှိချက်များ၊ ဦးနှောက်ယိုစီးခြင်းနှင့် ရေလိုက်ငါးလိုက်အမြင်၊ ပို့ဆောင်ရေး ကွန်ရက်မြို့တော်၊ သဘာ၀ပတ်၀န်းကျင်ရှုထောင့်ဆိုင်ရာကဏ္ဍတွင် ထူးခြားသောသတ္တဝါ ခရုပက်ကျိ၊ မူးယစ်ဆိုင်ရာကဏ္ဍတွင် ပင်လယ်ပြင် မူးယစ်ဆေးဝါးနှိမ်နင်းရေး၊ ကျန်းမာရေးဆိုင်ရာကဏ္ဍတွင် ဆန်းသစ်ဖွေရှာ ဆေးပညာ (၁၉၈)၊ ပလတ်စတစ်အမှုန် အပိုင်းအစလေးများနှင့် ကျန်းမာရေး၊ ဖြစ်ရပ်မှန် ကဏ္ဍတွင် နှင်းမုန်တိုင်းထဲမှာ၊ ၀တ္ထုတိုကဏ္ဍတွင် ထိုက်သူစံ၊ မျှော်လင့်ခြင်း အလင်းတစ်စ၊ ချစ်သူအတွက် ရင်ထဲကကဗျာ၊ မစ္စစ်မာနီယမ်၏ အာရာဂျံ၊ အထွေထွေကဏ္ဍတွင် ထင်ရှားကျော်ကြားသော တက္ကသိုလ်များ၊ မူရင်း တိုင်းရင်းသား၏ အရိုးစုကို သြစတြေးလျနိုင်ငံက ပြန်လည်ပေးအပ်ခြင်း၊ စွဲဆိုလေ့ရှိသော တရားမကြီးမှုများနှင့် ဟာသတို့ ပါ၀င်ပါသည်။
အဆိုပါ သုတပဒေသာစာစောင်ကို တစ်အုပ်လျှင် ၂၅၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်စာအုပ်ဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်းဈေး၊ နေပြည်တော်၊ ဖုန်း-၀၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန်စာအုပ်ဆိုင်၊ အမှတ် (၅၂၉/၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁-၂၄၉၀၃၁၊ ၀၁-၃၈၁၄၄၈၊ စာပေဗိမာန် စာအုပ်ဆိုင်၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း-၀၂-၃၀၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများ၊ မန္တလေးမြို့ရှိ ထွန်းဦးစာပေ၊ နဂါးစာပေနှင့် မြို့အသီးသီးရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံ ၀ယ်ယူရရှိနိုင်ပြီး လက်ကားမှာယူလိုပါက စာပေဗိမာန်စာအုပ်ဆိုင် အမှတ် (၅၂၉/၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁-၂၄၉၀၃၁၊ ၀၁-၃၈၁၄၄၈ သို့ ဆက်သွယ်မှာယူ နိုင်ပါသည်။