၁၉၇၃ ခုနှစ်၊ ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၄ဝ ကျော် စာချစ်သူများ လက်ခံ အားပေးလာခဲ့သော စာပေဗိမာန်ထုတ် သုတပဒေသာစာစောင် ၂၀၂၀ ပြည့််နှစ်၊ ဇွန်လ၊ အတွဲ( ၄၇)၊ အမှတ်(၆) ကို ထုတ်ဝေလိုက်ပြီ ဖြစ်ပါသည်။
လူငယ်များအတွက် အဓိကဦးတည်သော သုတပဒေသာစာစောင်၏ မျက်နှာဖုံးဆောင်းပါး ကဏ္ဍမှာ ''ကြိုတင်ကာကွယ် သဘာ၀ဘေးအန္တရာယ်'' ဖြစ်သည်။ သဘာ၀ဘေးအန္တရာယ် လျော့ပါးရေး၊ ကြိုတင်ကာကွယ် သဘာ၀ဘေးအန္တရာယ်၊ သဘာ၀ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ အကာအကွယ်မဲ့များကို ကာကွယ်ရေးနှင့် သဘာ၀ဘေး၊ ကျွန်တော်တို့ လေးစားကြရမည့် သဘာ၀ ပတ်၀န်းကျင်၊ ကဗျာကဏ္ဍတွင် ပင်တိုင်စံ မင်းသမီးလေး 'ရှဲလော့'(၂)၊ အတွေးအခေါ်နှင့် တက်ကျမ်း ဆိုင်ရာကဏ္ဍတွင် အကြံဉာဏ်ကောင်း ရယူရေး၊ လေးစားမှုထားပါ၊ အချိန်ဖြုန်းတဲ့ ညှိနှိုင်းပွဲ၊ ထပ်ဖြည့်တန်ဖိုးကို လွန်ကဲစွာထည့်ခြင်း၊ ကမကထအစပြုခြင်းနှင့် စွန့်စားခြင်း၊ နိုင်ငံတကာဆိုင်ရာ ကဏ္ဍတွင် မြစ်များသန့်ရှင်းရေးနှင့် စင်ကာပူနိုင်ငံ၊ အမေဇုန်သစ်တော မီးလောင်မှု၊ ရေနံပင်လယ်ကြီး များပေါ်က နိုင်ငံများ၊ ကမ္ဘာတစ်လွှားဖြစ်ပွားနေသည့် ကိုဗစ်-၁၉၊ လူကုန်ကူးမှုဆိုင်ရာကဏ္ဍတွင် ကင်းဝေးစေချင် ကမ္ဘာတစ်ခွင်၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာကဏ္ဍတွင် ကာကွယ်ဆီးတား အမုန်းစကားများ၊ သဘာ၀ပတ်ဝန်းကျင် ရှုထောင့်ဆိုင်ရာ ကဏ္ဍတွင် ဆင်တွေ ကခုန်သောနေ့၊ COVID- 19 ကပ်ရောဂါနှင့် ရာသီဥတုပြောင်းလဲမှု၊ ကျန်းမာရေးဆိုင်ရာကဏ္ဍတွင် ဒေါက်တိုင်လေးခု သတိပြု၊ COVID- 19 ရောဂါကာကွယ်ရေးအတွက် လိုအပ်သော ပါးစပ်နှင့် နှာခေါင်းစည်း၊ ဆန်းသစ်ဖွေရှာ ဆေးပညာ( ၂၂၂)၊ ၀တ္ထုတိုကဏ္ဍတွင် အောင်မြင်မှုတေးသံ၊ သေမင်းဖိတ်ခေါ် လိမ္မော်စေ့ ငါးစေ့၊ အထွေထွကဏ္ဍတွင် လိုအင်များ ဖြည့်ဆည်းပေးပါ၊ အမုန်းစကားများ ရပ်ပေးပါ၊ ကံကြမ္မာဖန်လာ ပြန်တော့ စသည်ဖြင့်် ကဏ္ဍမျိုးစုံ ဆောင်းပါးများ ပါဝင်ပါသည်။
သုတပဒေသာစာစောင်ကို တစ်အုပ်လျှင် ၂၅ဝဝ ကျပ်နှုန်းဖြင့် စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်၊ ဖုန်း ဝ၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၂၄၉ဝ၃၁၊ ၀၁- ၃၈၁၄၄၈၊ စာပေဗိမာန် စာအုပ်ဆိုင်၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း ဝ၂- ၄၀၃ဝ၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများ၊ မန္တလေးမြို့ရှိ ထွန်းဦးစာပေ၊ နဂါးစာပေနှင့် မြို့အသီးသီးရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံ ဝယ်ယူရရှိနိုင်ပြီး လက်ကားမှာယူလိုပါက စာပေဗိမာန်စာအုပ်ဆိုင် အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၂၄၉ဝ၃၁၊ ၀၁- ၃၈၁၄၄၈ သို့ ဆက်သွယ် မှာယူနိုင်ပါသည်။