၁၉၇၃ ခုနှစ်၊ ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၄ဝ ကျော် စာချစ်သူများ လက်ခံအားပေး လာခဲ့သော စာပေဗိမာန်ထုတ် သုတပဒေသာစာစောင်ကို မျက်နှာဖုံးဒီဇိုင်း၊ အကြောင်းအရာနှင့် စာအုပ်အပြင်အဆင်တို့ ပြောင်းလဲပြီး ၂၀၁၆ ခုနှစ်၊ ဇူလိုင်လထုတ်မှစတင်၍ အသွင်သစ်ဖြင့် ထုတ်ဝေခဲ့ပါသည်။
လူငယ်များအတွက် အဓိကဦးတည်သော ၂၀၁၉ ခုနှစ်၊ ဇွန်လထုတ် သုတပဒေသာစာစောင်၌ အမှိုက်ကင်းစင်ဖို့ စည်းကမ်းရှိကြပါစို့ (မျက်နှာဖုံးဆောင်းပါး)တွင် စိမ်းလန်း သန့်ရှင်း ကျန်းမာသော သဘာ၀ပတ်ဝန်းကျင်ဖြစ်စေရေး၊ အမှိုက်ကင်းစင်ဖို့ စည်းကမ်းရှိကြပါစို့၊ အမှိုက်ကင်းစင်ရေး၊ အမှိုက်ကင်းစင်ဖို့ စည်းကမ်းလိုက်နာ စီမံခန့်ခွဲကြပါစို့၊ ကဗျာကဏ္ဍတွင် မိုးသောက်ချိန်၊ ကိုယ့်ရဲ့ဘ၀ အထီးကျန်ည၊ အတွေးအခေါ်နှင့် တက်ကျမ်းဆိုင်ရာကဏ္ဍတွင် စူပါအရောင်းသမားဆိုတာ၊ နိုင်ငံတကာဆိုင်ရာကဏ္ဍတွင် အနာဂတ်စစ်ပွဲများ၊ တရုတ်နိုင်ငံနှင့် အင်တာနက်မူပိုင်ခွင့်၊ ရုရှား စစ်ထောက်လှမ်းရေးအေဂျင်စီ GRU၊ စီးပွားရေးဆိုင်ရာကဏ္ဍတွင် စွန့်ဦးတီထွင်လုပ်ငန်းရှင်၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာကဏ္ဍတွင် သိပ္ပံအတေွးများကို ဆေွးနွေးခြင်း၊ ဂျပန်နိုင်ငံ၏ အိုင်တီမဟာဗျူဟာ၊ သဘာ၀ပတ်ဝန်းကျင် ရှုထောင့်ဆိုင်ရာကဏ္ဍတွင် ရှေးခေတ်လူသားတို့ နေထိုင်ရာဒေသများ၊ ပလတ်စတစ်စကလေးများနှင့် ရေသတ္တဝါများ၏ အနာဂတ်၊ ငါးမျှားစားတဲ့ ငါး၊ မူးယစ်ဆိုင်ရာကဏ္ဍတွင် မူးယစ်ဆေးဝါးနှင့် အရက်သေစာတို့၏ ကြောက်လန့်ဖွယ်အန္တရာယ်၊ အရက်သောက်သူ မူးယစ်ဆေး သုံးသူ လေယာဉ်မှူးများအား အရေးယူရေး၊ ကျန်းမာရေးဆိုင်ရာကဏ္ဍတွင် ဆန်းသစ်ဖွေရှာ ဆေးပညာ (၂၁၀)၊ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ကျန်းမာရေး၊ ဖြစ်ရပ်မှန်ကဏ္ဍတွင်တော်ဝင်လက်ဆောင်၊ မျှော်လင့်နားခိုရာ၊ ကလေးသတို့သမီးတဲ့လား၊ အဖြူရောင်နှလုံးသားပိုင်ရှင်၊ ၀တ္ထုတိုကဏ္ဍတွင် အဘိုးနှင့် ကျွန်မ၊ ထိတ်လန့်စရာ တောင်ပေါ်မှာ၊ မြေနိမ့်ရာလှံစိုက်၊ ကျွန်တော့် ဘ၀ထဲက မေမေ၊ အထွေထွေကဏ္ဍ တွင် ဖတ်သမျှ ဒဿန၊ ဆွေေးနွေးပါ တိုင်ပင်ပါ ညှိနှိုင်းပါနှင့်် ဟာသတို့ ပါဝင်ပါသည်။
အဆိုပါ သုတပဒေသာစာစောင်ကို တစ်အုပ်လျှင် ၂၅ဝဝ ကျပ်နှုန်းဖြင့် စာပေဗိမာန်
စာအုပ်ဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်၊ ဖုန်း ဝ၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန်
စာအုပ်ဆိုင်၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၂၄၉ဝ၃၁၊ ၀၁- ၃၈၁၄၄၈၊
စာပေဗိမာန်စာအုပ်ဆိုင်၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း ဝ၂- ၄၀၃ဝ၁၈၆၊
ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများ၊ မန္တလေးမြို့ရှိ ထွန်းဦးစာပေ၊ နဂါးစာပေနှင့်
မြို့အသီးသီးရှိ စာပေဗိမာန်ကိုယ်စားလှယ်များထံ ဝယ်ယူရရှိနိုင်ပြီး လက်ကားမှာယူလိုပါက
စာပေဗိမာန် စာအုပ်ဆိုင် အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၂၄၉ဝ၃၁၊
၀၁-၃၈၁၄၄၈ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။