၁၉၇၃ ခုနှစ်၊ ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၄၀ ကျော် စာချစ်သူများ လက်ခံအားပေး လာခဲ့သော စာပေဗိမာန်ထုတ် သုတပဒေသာစာစောင်ကို မျက်နှာဖုံးဒီဇိုင်း၊ အကြောင်းအရာနှင့် စာအုပ် အပြင်အဆင်တို့ ပြောင်းလဲပြီး ၂၀၁၆ ခုနှစ်၊ ဇူလိုင်လထုတ်မှစတင်၍ အသွင်သစ်ဖြင့် ထုတေ်၀ခဲ့ပါသည်။
လူငယ်များအတွက် အဓိကဦးတည်သော ၂၀၁၈ ခုနှစ်၊ ဇူလိုင်လထုတ် သုတပဒေသာစာစောင်၌ မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများ၏ ဆက်ဆံရေး (မျက်နှာဖုံးဆောင်းပါး) တွင် မြန်မာနိုင်ငံနှင့် နိုင်ငံခြားဆက်ဆံရေး၊ မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများ၏ ဆက်ဆံရေး၊ မြန်မာနိုင်ငံနှင့် အိမ်နီးချင်း နိုင်ငံများ၊ အစဉ်အလာကောင်းခဲ့သော မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများ၏ ဆက်ဆံရေး၊ ကဗျာကဏ္ဍတွင် ဘ၀မျိုးစုံ ကမ္ဘာ့ဇာတ်ခုံ (၂)၊ ကုသိုလ်ကောင်းမှု အမြန်ပြု တောင်းဆုပြည့်မည်သာ၊ အတွေးအခေါ်နှင့် တက်ကျမ်းဆိုင်ရာကဏ္ဍတွင် ရင့်ကျက်စွာ နေထိုင်တတ်မှု အနုပညာ၊ ပြောင်းလဲခြင်း၊ လက်တွေ့ကျတဲ့ အကောင်းမြင်သမား၊ အလုပ်ရှိသော အလုပ်လက်မဲ့၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာကဏ္ဍတွင် တရုတ်နိုင်ငံ၏ အာကာသလက်နက်အသစ်များ၊ သူလျှိုပြတိုက်၊ အမေရိကန် မရိန်းတပ်ဖွဲ့၏ အဆင့်မြင့်လက်နက်ငါးမျိုး၊ သဘာ၀ပတ်၀န်းကျင်ရှုထောင့်ဆိုင်ရာကဏ္ဍတွင် ရေမသောက်၊ အစာမစားဘဲ နှစ်ချီနေနိုင်တဲ့ငါး၊ ခေတ်သစ် အမေဇုန်၊ မူးယစ်ဆိုင်ရာကဏ္ဍတွင် မက္ကဆီကိုနိုင်ငံ၏ မူးယစ်ဆေးဝါးနှိမ်နင်းရေး၊ ကျန်းမာရေး ဆိုင်ရာ ကဏ္ဍတွင် ဆန်းသစ်ဖွေရှာ ဆေးပညာ (၁၉၉)၊ ခါးနာလွန်းလို့ပါ၊ ဆေးပညာလောကမှ သတင်းများ၊ ဖြစ်ရပ်မှန်ကဏ္ဍတွင် အသပြာနှောင်ကြိုး၊ အပြုံးလက်နက်၊ ဒုက္ခရောက်တော့မလို့၊ ပင်လယ်တွင်းက လျှို့ဝှက်ချက်၊ ၀တ္ထုတိုကဏ္ဍတွင် သွားကျွမ်းကျင်ဆရာ၀န်လေး၊ အချစ်ရှိရာဆီ၊ ပီရူးကို ကိုင်လှုပ်တဲ့ငလျင်၊ အထွေထွေကဏ္ဍတွင် စတာလင်ပေါင် သန်း ၅၀ ရသော ပီကာဆိုပန်းချီကား၊ ၀မ်းစာ၊ ၀န်ဆောင်မှု ပြဿနာများ၊ ခံ့ညားထည်ဝါ ဗီယင်နာနှင့် ဟာသတို့ ပါ၀င်ပါသည်။
အဆိုပါ သုတပဒေသာစာစောင်ကို တစ်အုပ်လျှင် ၂၅၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်စာအုပ်ဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်းဈေး၊ နေပြည်တော်၊ ဖုန်း-၀၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန်စာအုပ်ဆိုင်၊ အမှတ် (၅၂၉/၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁-၂၄၉၀၃၁၊ ၀၁-၃၈၁၄၄၈၊ စာပေဗိမာန် စာအုပ်ဆိုင်၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း-၀၂-၃၀၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများ၊ မန္တလေးမြို့ရှိ ထွန်းဦးစာပေ၊ နဂါးစာပေနှင့် မြို့အသီးသီးရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံ ၀ယ်ယူရရှိနိုင်ပြီး လက်ကားမှာယူလိုပါက စာပေဗိမာန်စာအုပ်ဆိုင် အမှတ် (၅၂၉/၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁-၂၄၉၀၃၁၊ ၀၁-၃၈၁၄၄၈ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။