၁၉၇၃ ခုနှစ်၊ ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၄ဝ ကျော် စာချစ်သူများ လက်ခံ အားပေးလာခဲ့သော စာပေဗိမာန်ထုတ် သုတပဒေသာစာစောင်ကို မျက်နှာဖုံးဒီဇိုင်း၊ အကြောင်း အရာနှင့် စာအုပ်အပြင်အဆင်တို့ ပြောင်းလဲပြီး ၂၀၁၆ ခုနှစ်၊ ဇူလိုင်လထုတ်မှစတင်၍ အသွင်သစ်ဖြင့် ထုတ်ဝေခဲ့ပါသည်။
လူငယ်များအတွက် အဓိကဦးတည်သော ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလထုတ် သုတပဒေသာ စာစောင်၌ မီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှု (မျက်နှာဖုံးဆောင်းပါး)တွင် သတင်းမှားများကို စိစစ်ဖို့ MIL ကို မြှင့်တင်စို့၊ အမုန်းစကားများနှင့် လုပ်ကြံသတင်းများကို ဆန့်ကျင် တိုက်ဖျက်ခြင်း၊ ဖေ့စ်ဘွတ် ဘယ်လိုသုံးမလဲ၊ မီဒီယာနှင့်် သတင်းအချက်အလက် သိနားလည်မှု တိုးပွားရေး၊ အွန်လိုင်းအသိ အွန်လိုင်းသတိ လူတိုင်းတွင် ရှိရန်လို၊ ကဗျာကဏ္ဍတွင် ချစ်စရာ ကညာ ပျိုလေး ရှိခဲ့သည်၊ အတွေးအခေါ်နှင့် တက်ကျမ်းဆိုင်ရာကဏ္ဍတွင် ရလဒ်မကြိုက်ရင် တုံ့ပြန်မှုပြောင်း၊ အသိအမှတ်ပြုပါ အကြောက်တရားကို သတ်ပစ်ပါ၊ နိုင်ငံတကာဆိုင်ရာကဏ္ဍတွင် သူကလေးတို့ ပညာတတ်ဖို့၊ အာဟာရချို့တဲ့သည့် အာရှဒေသကလေးငယ်များ၊ စီမံခန့်ခွဲမှုဆိုင်ရာကဏ္ဍတွင် စိတ်ဖိစီးမှုဆိုင်ရာ စီမံခန့်ခွဲမှု၊ ကလေးများ စာဖတ်ကျင့််ရရှိစေဖို့၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာကဏ္ဍတွင် ရေပေါ်ဆိုလာ လျှပ်စစ်ဓာတ်အား၊ ကမ္ဘာ့နောက်ဆုံးပေါ် ကိုယ်ပျောက်ရေငုပ်သင်္ဘော၊ ရေငုပ်သင်္ဘော များ၊ သဘာ၀ပတ်ဝန်းကျင် ရှုထောင့်ဆိုင်ရာကဏ္ဍတွင် တစ်ယောက်အားနှင့် မရ အများအားနှင့်မှ ရနိုင်သည်၊ ကြီးမားသော ဆည်ကြီးများနှင့်် ၎င်းတို့၏ သက်ရောက်မှုများ၊ လိင်ပြောင်းလဲတတ်သည့် တိရစ္ဆာန်သဘာ၀၊ မူးယစ်ဆိုင်ရာကဏ္ဍတွင် မူးယစ်ဆေးဝါး လုပ်ငန်းသစ်တစ်ခု၊ ကျန်းမာရေး ဆိုင်ရာကဏ္ဍတွင် ဆန်းသစ်ဖွေရှာ ဆေးပညာ (၂၁၇)၊ တိတ်တဆိတ် လူသတ်သမား၊ လေဖြတ်ပြီးလျှင် အသက်ရှင်ကျန်ရစ်ပါ၊ ကျန်းမာရေးအတွက် သိမှတ်ဖွယ်ရာများ၊ ဖြစ်ရပ်မှန်ကဏ္ဍတွင် ငြိမ်းချမ်းခြင်းသည် အပေါင်းလက္ခဏာ၊ ခွင့်လွှတ်ပါတယ်ဖေဖေ၊ ၀တ္ထုတိုကဏ္ဍတွင် အိမ်တော်စောင့်၊ ကျီးကန်းနှင့် ဖား၊ အထွေထွေကဏ္ဍတွင် သဖန်းဆိပ်ရေလှောင်ကန် အောက်မှ ကျွန်းလှမြို့ဟောင်းနှင့် ဘုရားစေတီ၊ ငါးလှေသမားရဲ့ ကံကြမ္မာနှှင့်် ဟာသတို့ ပါဝင်ပါသည်။
အဆိုပါ သုတပဒေသာစာစောင်ကို တစ်အုပ်လျှင် ၂၅ဝဝ ကျပ်နှုန်းဖြင့် စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်၊ ဖုန်း ဝ၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၂၄၉ဝ၃၁၊ ၀၁- ၃၈၁၄၄၈၊ စာပေဗိမာန်စာအုပ်ဆိုင်၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း ဝ၂- ၄၀၃ဝ၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများ၊ မန္တလေးမြို့ရှိ ထွန်းဦးစာပေ၊ နဂါးစာပေနှင့် မြို့အသီးသီးရှိ စာပေဗိမာန်ကိုယ်စားလှယ်များထံ ဝယ်ယူရရှိနိုင်ပြီး လက်ကားမှာယူလိုပါက စာပေဗိမာန် စာအုပ်ဆိုင် အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၈၂၄၉ဝ၃၁၊ ၀၁- ၈၃၈၁၄၄၈ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။