၁၉၇၃ ခုနှစ်၊ ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၄၀ ကျော် စာချစ်သူများ လက်ခံအားပေး လာခဲ့သော စာပေဗိမာန်ထုတ် သုတပဒေသာစာစောင်ကို မျက်နှာဖုံးဒီဇိုင်း၊ အကြောင်းအရာနှင့် စာအုပ် အပြင်အဆင်တို့ ပြောင်းလဲပြီး ၂၀၁၆ ခုနှစ်၊ ဇူလိုင်လထုတ်မှစတင်၍ အသွင်သစ်ဖြင့် ထုတ်ဝေခဲ့ပါသည်။
လူငယ်များအတွက် အဓိကဦးတည်သော ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလထုတ် သုတပဒေသာ စာစောင်၌ မီဒီယာ၏အခန်းကဏ္ဍ (မျက်နှာဖုံးဆောင်းပါး) တွင် မီဒီယာနှင့် ဥပဒေအမြင်၊ မီဒီယာ၏ အခန်းကဏ္ဍ၊ မီဒီယာကဏ္ဍနှင့် ပြည်သူ၊ မီဒီယာနှင့် နိုင်ငံရေး၊ ဒီမိုကရေစီနှင့် မီဒီယာ၏အခန်းကဏ္ဍ၊ သတင်းစာ၏ အနာဂတ်၊ ကဗျာကဏ္ဍတွင် မွန်မြတ်သော သဘာ၀တရား၊ သူကောင်းတရား ပွားများ ကျင့်ရန် မိတ်ဆွေမှန်၊ အတွေးအခေါ်နှင့် တက်ကျမ်းဆိုင်ရာကဏ္ဍ တွင် ဝိရောဓိတွေ ဖယ်ကာရှားမယ်၊ ကိုယ်ခန္ဓာအသစ်၊ အရေးပါသောဆုံးဖြတ်ချက် ချမှတ်ရာတွင်၊ အားလပ်ချိန်မှာ ပညာရှာ၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာ ကဏ္ဍတွင် နည်းပညာအရွေ့နှင့် နိုင်ငံရေးအပြောင်း၊ နိုင်ငံတကာရေးရာကဏ္ဍတွင် ကိုရီးယားစစ်ပွဲ တစ်ကျော့ပြန်ဖြစ်တော့မည်လား၊ စင်ကာပူနိုင်ငံ၏ အလုပ်အကိုင်အခွင့်အလမ်း၊ လိုင်ဘေးရီးယား နိုင်ငံရေး၊ သဘာ၀ပတ်၀န်းကျင်ရှုထောင့်ဆိုင်ရာကဏ္ဍတွင် လူသားနှင့် အပူလှိုင်း အန္တရာယ်၊ မွေးလာတဲ့ ရင်သွေး ဘယ်လောက်သေးသလဲ၊ ဆင်ချစ်သူ၊ မူးယစ်ဆိုင်ရာကဏ္ဍတွင် အမျိုးသမီးများအတွက် လိုအပ်နေသည့် ဆေးဖြတ်စခန်း၊ မူးယစ်ဆေးဝါး စစ်ပွဲများ ရပ်စဲသွားစေရေး၊ ကျန်းမာရေးဆိုင်ရာကဏ္ဍ တွင် ကျန်းမာသုတအဖြာဖြာ၊ ကျန်းမာခြင်းနှင့် စိတ်စွမ်းအင်၊ ကလေး သူငယ်များ၏ ကျန်းမာရေး၊ ဆန်းသစ်ဖွေရှာ ဆေးပညာ (၁၉၃)၊ ဖြစ်ရပ်မှန်ကဏ္ဍတွင် ၅၂ နှစ်ကြာ ပျောက်ဆုံးနေသော စာတစ်စောင်၊ ၀တ္ထုတိုကဏ္ဍတွင် နာကျင်မှုမှ ပျော်ရွှင်မှုဆီ၊ ကဗျာတစ်ပွင့် သခင့်ဘယ်ဆီ၊ အထွေထွေကဏ္ဍတွင် ဖတ်သမျှ ဒဿန၊ ဘာသာစကားများ ပျောက်ဆုံးမှု၊ စိတ်ရှည် သည်းခံတတ်မှု အနုပညာ၊ အထီးကျန် မဟုတ်ပါ၊ ရှားပါးပြီး ကြီးမားသော စိန်ပွင့်ကြီး၊ သုတတိုထွာ၊ ကြည့်ရှုလေ့လာ ရွှေဆိုင်းကမ္ဘာနှင့် ဟာသတို့ ပါ၀င်ပါသည်။
အဆိုပါ သုတပဒေသာစာစောင်ကို တစ်အုပ်လျှင် ၂၅၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်စာအုပ်ဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်းဈေး၊ နေပြည်တော်၊ ဖုန်း-၀၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန်စာအုပ်ဆိုင်၊ အမှတ် (၅၂၉/၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁-၂၄၉၀၃၁၊ ၀၁-၃၈၁၄၄၈၊ စာပေဗိမာန် စာအုပ်ဆိုင်၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း-၀၂-၃၀၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများ၊ မန္တလေးမြို့ရှိ ထွန်းဦးစာပေ၊ နဂါးစာပေနှင့် မြို့အသီးသီးရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံ ၀ယ်ယူရရှိနိုင်ပြီး လက်ကားမှာယူလိုပါက စာပေဗိမာန်စာအုပ်ဆိုင် အမှတ် (၅၂၉/၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁-၂၄၉၀၃၁၊ ၀၁-၃၈၁၄၄၈ သို့ ဆက်သွယ်မှာယူ နိုင်ပါသည်။