၁၉၇၃ ခုနှစ်၊ ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၄၀ ကျော် စာချစ်သူများ လက်ခံအားပေးလာခဲ့ သော စာပေဗိမာန်ထုတ် သုတပဒေသာစာစောင်ကို မျက်နှာဖုံးဒီဇိုင်း၊ အကြောင်းအရာနှင့် စာအုပ် အပြင်အဆင်တို့ ပြောင်းလဲပြီး ၂၀၁၆ ခုနှစ်၊ ဇူလိုင်လထုတ်မှစတင်၍ အသွင်သစ်ဖြင့် ထုတ်ဝေခဲ့ပါသည်။
လူငယ်များအတွက် အဓိကဦးတည်သော ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလထုတ် သုတပဒေသာစာစောင်၌ ပြည်ထောင်စုကြီး ငြိမ်းချမ်းဖို့ ပူးပေါင်း ဆောင်ရွက်ကြပါစို့ (မျက်နှာဖုံးဆောင်းပါး) တွင် ငြိမ်းချမ်းသော ပြည်ထောင်စုဆီ၊ ပြည်ထောင်စုကြီး ငြိမ်းချမ်းဖို့ ပူးပေါင်းဆောင်ရွက်ကြပါစို့၊ ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ဥပဒေအမြင်၊ ၂၁ ရာစု ပင်လုံ၊ ကဗျာကဏ္ဍတွင် ကညာမျက်လုံး အပြုံးသစ္စာ၊ တဏှာကင်းပ နိဗ္ဗာန် မုချ ရောက်မည်သာ၊ အတွေးအခေါ်နှင့် တက်ကျမ်းဆိုင်ရာကဏ္ဍတွင် တစ်နေ့ တစ်နာရီ တန်ဖိုး၊ တိတိကျကျ သတ်မှတ်၊ အလုပ်ခွင်သစ်မှာ သိထားစရာ၊ အောင်မြင်ကြသူများ၊ နိုင်ငံတကာရေးရာကဏ္ဍတွင် ကျေးလက် ပညာရေးအားမာန်၊ နျူကလီးယားဗုံး ထုတ်လုပ်သည့် နောက်ထပ်နိုင်ငံ၊ တရုတ်နိုင်ငံ၏ နိုင်ငံခြား ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေး၊ သိပ္ပံနှင့် နည်းပညာ ဆိုင်ရာကဏ္ဍတွင် ဒီမိုကရေစီနည်းကျ အိုင်စီတီ ဖော်ဆောင်ရေး၊ မိုးကောင်းကင်ပေါ်မှ စောင့်ကြည့်နေသော မျက်လုံးများ၊ သဘာ၀ပတ်၀န်းကျင် ရှုထောင့်ဆိုင်ရာကဏ္ဍတွင် ပတ်၀န်းကျင်ထိန်းသိမ်းရေး အလေးပေးသော မလေးရှား၊ သိပ္ပံပညာနှင့် ခြင်မျိုးစိတ်၊ မူးယစ်ဆိုင်ရာကဏ္ဍတွင် မူးယစ်ဆေးဝါးအပေါ် အဆင့်သတ်မှတ်ချက်နှင့် တားမြစ်ချက်များ၊ ကြီးထွားလာနေသော စိတ်ကြွဆေးပြားပြဿနာ၊ ကျန်းမာရေးဆိုင်ရာကဏ္ဍတွင် အစာအိမ်ကင်ဆာ အဖြစ်များသော အာရှတိုက်သားများ၊ စာဖတ်ရင်း သက်ရှည်ကျန်းမာ နေထိုင်ပါ၊ ဆန်းသစ် ဖွေရှာ ဆေးပညာ (၁၉၄)၊ ဖြစ်ရပ်မှန်ကဏ္ဍတွင် အိမ်မက်တွေရဲ့ အခြားတစ်ဖက်မှာ၊ စိတ်ဖြေစရာ အနုပညာကမ္ဘာ၊ နှလုံးလှ နိဂုံး၊ မျှော်လင့်ချက်ရောင်ခြည်၊ ကျွန်မ ဖေဖေ၊ ၀တ္ထုတိုကဏ္ဍတွင် တောထဲမှ ခြေရာများ၊ အနှစ်သာရပြည့် ဖခင်များနေ့၊ ချစ်မေတ္တာလက်ဆောင်၊ ဆေးညွှန်းပေးတတ်တဲ့အဘိုး၊ အထွေထွေ ကဏ္ဍ တွင် ဟာသတို့ ပါ၀င်ပါသည်။
အဆိုပါ သုတပဒေသာစာစောင်ကို တစ်အုပ်လျှင် ၂၅၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်စာအုပ်ဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်းဈေး၊ နေပြည်တော်၊ ဖုန်း-၀၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန်စာအုပ်ဆိုင်၊ အမှတ် (၅၂၉/၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁-၂၄၉၀၃၁၊ ၀၁-၃၈၁၄၄၈၊ စာပေဗိမာန် စာအုပ်ဆိုင်၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း-၀၂-၃၀၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများ၊ မန္တလေးမြို့ရှိ ထွန်းဦးစာပေ၊ နဂါးစာပေနှင့် မြို့အသီးသီးရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံ ၀ယ်ယူရရှိနိုင်ပြီး လက်ကားမှာယူလိုပါက စာပေဗိမာန်စာအုပ်ဆိုင် အမှတ် (၅၂၉/၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁-၂၄၉၀၃၁၊ ၀၁-၃၈၁၄၄၈ သို့ ဆက်သွယ်မှာယူ နိုင်ပါသည်။