၁၉၇၃ ခုနှစ်၊ ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၄၀ ကျော် စာချစ်သူများ လက်ခံအားပေး လာခဲ့သော စာပေဗိမာန်ထုတ် သုတပဒေသာစာစောင်ကို မျက်နှာဖုံးဒီဇိုင်း၊ အကြောင်းအရာနှင့် စာအုပ် အပြင်အဆင်တို့ ပြောင်းလဲပြီး ၂၀၁၆ ခုနှစ်၊ ဇူလိုင်လထုတ်မှစတင်၍ အသွင်သစ်ဖြင့် ထုတ်ဝေခဲ့ပါသည်။
လူငယ်များအတွက် အဓိကဦးတည်သော ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလထုတ် သုတပဒေသာ စာစောင်၌ လူငယ်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ (မျက်နှာဖုံးဆောင်းပါး) တွင် လူငယ်၊ အလုပ်အကိုင် အခွင့်အလမ်းနှင့် ဥပဒေအမြင်၊ လူငယ်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ၊ လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးနိုင်ရေး၊ ကဗျာကဏ္ဍတွင် သိသူ မသိသူ လူမိုက်နှစ်မျိုး၊ အမြင့်နှင့် အနိမ့်၊ အတွေးအခေါ်နှင့် တက်ကျမ်းဆိုင်ရာကဏ္ဍတွင် အုပ်ချုပ်မယ် ဆိုရင်၊ နေ့စဉ် အခွင့်အလမ်းများ၊ သခင်ဘ၀မှ၊ ပျော်ရွှင်မှုကို ဤသို့စတင်သည်၊ နိုင်ငံရေး ဆိုင်ရာကဏ္ဍတွင် အာကာသစစ်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများ၊ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၏ နိုင်ငံရေး၊ ရုရှားနိုင်ငံ ၏ ခေတ်မီလက်နက် နည်းပညာများ၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာကဏ္ဍတွင် ရှေးခေတ် စစ်သင်္ဘောများ အပိုင်း (၃)၊ နည်းပညာ ဗဟိုပြုဝါဒ၊ သဘာ၀ပတ်၀န်းကျင် ရှုထောင့် ဆိုင်ရာကဏ္ဍတွင် ကမ္ဘာတစ်၀န်းက သန္တာကျောက်တန်းများ၊ စီးပွားရေးဆိုင်ရာကဏ္ဍတွင် မဟာဗျူဟာဆန်ဆန် တွေးခေါ်စီမံပါ၊ ကျန်းမာရေး ဆိုင်ရာ ကဏ္ဍတွင် ဆေးဝါးအတု အန္တရာယ်၊ ဆန်းသစ်ဖွေရှာ ဆေးပညာ (၁၉၂)၊ မူးယစ်ဆိုင်ရာကဏ္ဍတွင် မူးယစ်ဆေးသုံးစွဲသူနှင့် ပြုစုပျိုးထောင်ရေးစခန်း၊ အနုပညာဆိုင်ရာကဏ္ဍတွင် လီယိုနာဒိုဒါဗင်ချီ၏ ကမ္ဘာကျော်ပန်းချီကား၊ ဖြစ်ရပ်မှန်ကဏ္ဍတွင် ခြေကျင်လျှောက်၍ ကမ္ဘာပတ်သူ၊ မမေ့နဲ့နော်၊ လမ်းဆုံမှ သည် ပန်းတိုင်ဆီ၊ ဖရယ်ဒီအတွက် မိသားစု၊ ၀တ္ထုတိုကဏ္ဍတွင် မေတ္တာပုလဲသွယ်၊ ရှောင်လွှဲမရသည့် ကံကြမ္မာ၊ ချစ်ခြင်းမေတ္တာ၊ သူတို့နှစ်ဦး၊ အထွေထွေ ကဏ္ဍတွင် ကျွမ်းကျင်ရာ လိမ္မာရာ၊ နှလုံးသားပုံရိပ်၊ အမှတ်တရ ချစ်လက်ဆောင်နှင့် ဟာသတို့ ပါ၀င်ပါသည်။
အဆိုပါ သုတပဒေသာစာစောင်ကို တစ်အုပ်လျှင် ၂၅၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်စာအုပ်ဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်းဈေး၊ နေပြည်တော်၊ ဖုန်း-၀၆၇-၄၁၄၆၈၁၊ စာပေဗိမာန်စာအုပ်ဆိုင်၊ အမှတ် (၅၂၉/၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁-၂၄၉၀၃၁၊ ၀၁-၃၈၁၄၄၈၊ စာပေဗိမာန် စာအုပ်ဆိုင်၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း-၀၂-၃၀၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများ၊ မန္တလေးမြို့ရှိ ထွန်းဦးစာပေ၊ နဂါးစာပေနှင့် မြို့အသီးသီးရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံ ၀ယ်ယူရရှိနိုင်ပြီး လက်ကားမှာယူလိုပါက စာပေဗိမာန်စာအုပ်ဆိုင် အမှတ် (၅၂၉/၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁-၂၄၉၀၃၁၊ ၀၁-၃၈၁၄၄၈ သို့ ဆက်သွယ်မှာယူ နိုင်ပါသည်။