၁၉၇၃ ခုနှစ်၊ ဇူလိုင်လမှ စတင်ထုတေ်၀ခဲ့ပြီး နှစ်ပေါင်း ၄၀ ကျော် စာချစ်သူများ လက်ခံအားပေး လာခဲ့သော စာပေဗိမာန်ထုတ် သုတပဒေသာစာစောင်ကို မျက်နှာဖုံးဒီဇိုင်း၊ အကြောင်းအရာနှင့် စာအုပ် အပြင်အဆင်တို့ ပြောင်းလဲပြီး ၂၀၁၆ ခုနှစ်၊ ဇူလိုင်လထုတ်မှစတင်၍ အသွင်သစ်ဖြင့် ထုတ်ဝေခဲ့ပါသည်။
လူငယ်များအတွက် အဓိကဦးတည်သော ၂၀၁၈ ခုနှစ်၊ သြဂုတ်လထုတ် သုတပဒေသာစာစောင်၌ အဂတိ လိုက်စားမှု ကင်းရှင်းရေး (မျက်နှာဖုံးဆောင်းပါး) တွင် နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ အဂတိလိုက်စားမှု တိုက်ဖျက်စို့၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် ဥပဒေအမြင်၊ အဂတိလိုက်စားမှု ကင်းရှင်းရေး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး မဟာဗျူဟာ၊ ကဗျာကဏ္ဍတွင် ဘ၀မျိုးစုံ ကမ္ဘာ့ဇာတ်ခုံ (၃)၊ ပစ္စည်းလေးဖြာ လှူဒါန်းပါ၊ အတွေးအခေါ်နှင့် တက်ကျမ်းဆိုင်ရာကဏ္ဍတွင် ကောင်းဖို့လောက် မစဉ်းစားနဲ့ ပိုကောင်းဖို့လုပ်၊ ဆုတောင်းလေးတွေ ခြွေဖို့ဆိုရင်၊ တန်ရာတန်ဖိုးပေးပါ၊ နိုင်ငံတကာရေးရာကဏ္ဍတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အထည်ချုပ်လုပ်ငန်း၊ အကြမ်းဖက်ဝါဒနှင့် အကြမ်းဖက်စစ်ဆင်ရေး၊ အစ္စရေးနှင့် အာရပ်နိုင်ငံများ၏ ဆက်ဆံရေး၊ စီမံခန့်ခွဲမှုဆိုင်ရာကဏ္ဍတွင် တိုင်လီနောနှင့် ဂျွန်ဆင်အင်ဂျွန်ဆင်၊ အသိပညာ စီမံခန့်ခွဲမှု၊ စီမံခန့်ခွဲမှုနှင့် စွန့်ဦးတီထွင်လုပ်ငန်းရှင်၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာကဏ္ဍတွင် အင်တာနက်ခေတ် စားသုံးသူ၀န်ဆောင်မှု၊ ကျွဲကူးရေပါ အိုင်စီတီ ဖွံ့ဖြိုးမှု လုပ်ဆောင်ပါ၊ သဘာ၀ပတ်၀န်းကျင်ရှုထောင့်ဆိုင်ရာကဏ္ဍတွင် တိုကျိုမြို့ကြီးနှင့် ယာဉ်ကြော ကျပ်တည်းမှုပြဿနာ၊ မူးယစ်ဆိုင်ရာကဏ္ဍတွင် မူးယစ်ကင်းစင် ကမ္ဘာတစ်ခွင်၊ လူငယ်များ အသုံးများ သည့် မူးယစ်ဆေးဝါး ၊ ကျန်းမာရေးဆိုင်ရာကဏ္ဍတွင် ဆန်းသစ်ဖွေရှာ ဆေးပညာ (၂၀၀)၊ ကျန်းမာရေးနှင့် ညီညွတ်မျှတသော အစားအစာ၊ ဖြစ်ရပ်မှန်ကဏ္ဍတွင် ဘ၀နိဂုံး အဆုံးသတ်ချိန်၊ ကမ္ဘာ့အငယ်ဆုံး စာကြည့်တိုက်မှူး၊ ဧည့်ခန်းဆောင်မှတစ်ဆင့်၊ လူမှုရေးဆိုင်ရာကဏ္ဍတွင် ဟောင်ကောင်သက်ကြီးရွယ်အို တို့၏ ပင်စင်ဝေဒနာ၊ စားပုံဓလေ့ ဆန်းကြယ်ပေ့၊ ၀တ္ထုတိုကဏ္ဍတွင် သံသရာအဆုံး မုန်းမပြေနိုင်၊ အထွေထွေကဏ္ဍတွင် ဟစ်တလာခေါင်းလောင်း ထိန်းသိမ်းရေးပြဿနာ၊ ကမ္ဘာ့လူဦးရေ၊ ဖတ်သမျှ ဒဿန နှင့် ဟာသတို့ ပါ၀င်ပါသည်။
အဆိုပါ သုတပဒေသာစာစောင်ကို တစ်အုပ်လျှင် ၂၅၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်စာအုပ်ဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်းဈေး၊ နေပြည်တော်၊ ဖုန်း-၀၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန်စာအုပ်ဆိုင်၊ အမှတ် (၅၂၉/၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁-၂၄၉၀၃၁၊ ၀၁-၃၈၁၄၄၈၊ စာပေဗိမာန် စာအုပ်ဆိုင်၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း-၀၂-၃၀၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများ၊ မန္တလေးမြို့ရှိ ထွန်းဦးစာပေ၊ နဂါးစာပေနှင့် မြို့အသီးသီးရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံ ၀ယ်ယူရရှိနိုင်ပြီး လက်ကားမှာယူလိုပါက စာပေဗိမာန်စာအုပ်ဆိုင် အမှတ် (၅၂၉/၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁-၂၄၉၀၃၁၊ ၀၁-၃၈၁၄၄၈ သို့ ဆက်သွယ်မှာယူ နိုင်ပါသည်။