၁၉၇၃ ခုနှစ်၊ ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၄၀ ကျော် စာချစ်သူများ လက်ခံအားပေးလာခဲ့ သော စာပေဗိမာန်ထုတ် သုတပဒေသာစာစောင်ကို မျက်နှာဖုံးဒီဇိုင်း၊ အကြောင်းအရာနှင့် စာအုပ် အပြင်အဆင်တို့ ပြောင်းလဲပြီး ၂၀၁၆ ခုနှစ်၊ ဇူလိုင်လထုတ်မှစတင်၍ အသွင်သစ်ဖြင့် ထုတ်ဝေခဲ့ပါသည်။
လူငယ်များအတွက် အဓိကဦးတည်သော ၂၀၁၈ ခုနှစ်၊ ဧပြီလထုတ် သုတပဒေသာစာစောင်၌ ယနေ့လူငယ်များနှင့် မြန်မာ့ယဉ်ကျေးမှု (မျက်နှာဖုံး ဆောင်းပါး) တွင် ယနေ့လူငယ်များနှင့် မြန်မာ့ယဉ်ကျေးမှု၊ လူငယ်၊ ယဉ်ကျေးမှုနှင့် ဥပဒေ၊ မြန်မာ့ယဉ်ကျေးမှုထိန်းသိမ်းရေးတွင် ယနေ့လူငယ်များ၏ အခန်းကဏ္ဍ၊ လူငယ်များနှင့် မြန်မာ့ယဉ်ကျေးမှု၊ ကဗျာကဏ္ဍတွင် စာဂ၊ အဆင်း ရှိလျက် နံ့သက်မကြိုင် လူ့မလိုင်၊ အတွေးအခေါ်နှင့် တက်ကျမ်းဆိုင်ရာ ကဏ္ဍတွင် ဒေါသစိတ်နှင့် ချစ်ခင်နှစ်သက်ဖွယ်၊ အခွင့်ကောင်းကို အသုံးချ၊ အာရုံစိုက်မှ အောင်မြင်မည်၊ နိုင်ငံတကာရေးရာ ကဏ္ဍတွင် အမေရိကန် အင်ပါယာကို ဖျက်ဆီးမည့်စစ်ပွဲများ၊ ကမ္ဘာကျော်ဘောလုံးသမားဘ၀မှ သမ္မတ ဖြစ်လာသည့် ဂျော့ချ်ဝီယာ၊ နပိုလီယံဘိုနာပတ်သရဖူမှ ရွှေရွက်တစ်ခက် လေလံတင်ခြင်း၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာ ကဏ္ဍတွင် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှု မဟာဗျူဟာ၊ သတင်းအချက်အလက် ခေတ်နှင့် လူ့ဘောင်၊ ဗီဒီယိုဂိမ်း ကစားခြင်း၊ သဘာ၀ပတ်၀န်းကျင်ရှုထောင့်ဆိုင်ရာကဏ္ဍတွင် ဘ၀သခင် ကျေးဇူးရှင် ရေကန်ကြီး၊ ပင်လယ်သမုဒ္ဒရာထဲမှ ဆန်းကြယ်သော သတ္တု၊ မူးယစ်ဆိုင်ရာကဏ္ဍတွင် မက္ကဆီကိုနိုင်ငံ၏ မူးယစ်ဆေးဝါးနှိမ်နင်းမှု၊ မူးယစ်သားကောင်လူငယ်များနှင့် မူးယစ်ဥပဒေ ပြင်ဆင်မှု၊ ကျန်းမာရေး ဆိုင်ရာကဏ္ဍတွင် ဆန်းသစ်ဖွေရှာ ဆေးပညာ (၁၉၆) ၊ ဆေးပညာလောကမှ သတင်းများ၊ ဂျပန်ရေသောက်နည်းစနစ်၊ ဖြစ်ရပ်မှန်ကဏ္ဍတွင် ၀င်စတန်ချာချီ ထွက်ပြေးလွတ်မြောက်ခြင်း၊ အမှုကတော့ လူသတ်မှု၊ သူ့အတိုင်းအဆနဲ့သူ၊ ၀တ္ထုတိုကဏ္ဍတွင် မရဏမာယာ၊ ကူးလူးယှက်နွှယ် မေတ္တာဖလှယ်၊ ခွေးချစ်သူ၏ သံယောဇဉ်၊ ပဟေဠိဆန်တဲ့ ညတစ်ည၊ အထွေထွေကဏ္ဍတွင် ရှုံးနိမ့်ခြင်းမှ လွန်မြောက်အောင် ကြိုးပမ်းမှုအနုပညာ၊ အချစ်နှင့် လက်ထပ်ခြင်းဆိုင်ရာဓလေ့များနှင့် ဟာသတို့ ပါ၀င်ပါသည်။
အဆိုပါ သုတပဒေသာစာစောင်ကို တစ်အုပ်လျှင် ၂၅၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်စာအုပ်ဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်းဈေး၊ နေပြည်တော်၊ ဖုန်း-၀၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန်စာအုပ်ဆိုင်၊ အမှတ် (၅၂၉/၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁-၂၄၉၀၃၁၊ ၀၁-၃၈၁၄၄၈၊ စာပေဗိမာန် စာအုပ်ဆိုင်၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း-၀၂-၃၀၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများ၊ မန္တလေးမြို့ရှိ ထွန်းဦးစာပေ၊ နဂါးစာပေနှင့် မြို့အသီးသီးရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံ ၀ယ်ယူရရှိနိုင်ပြီး လက်ကားမှာယူလိုပါက စာပေဗိမာန်စာအုပ်ဆိုင် အမှတ် (၅၂၉/၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁-၂၄၉၀၃၁၊ ၀၁-၃၈၁၄၄၈ သို့ ဆက်သွယ်မှာယူ နိုင်ပါသည်။