၁၉၇၃ ခုနှစ်၊ ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၄ဝ ကျော် စာချစ်သူများ လက်ခံ အားပေးလာခဲ့သော စာပေဗိမာန်ထုတ် သုတပဒေသာစာစောင် ၂၀၂၀ ပြည့််နှစ်၊ ဧပြီလ၊ အတွဲ( ၄၇)၊ အမှတ်(၄) ကို ထုတ်ဝေလိုက်ပြီ ဖြစ်ပါသည်။
လူငယ်များအတွက် အဓိကဦးတည်သော ၂၀၂၀ ပြည့်နှစ်၊ ဧပြီလထုတ် သုတပဒေသာစာစောင်၌ မျက်နှာဖုံးဆောင်းပါးကဏ္ဍတွင် သက်တမ်းစေ့အောင်နေနိုင်ဖို့ ကျန်းမာခြင်းကို ဂရုစိုက်စို့၊ ကျန်းမာရေးကို ဂရုစိုက်စို့၊ သက်ရှည်ကျန်းမာစေဖို့ ကြိုးစားကြစို့၊ သက်တမ်းစေ့နေနိုင်ရေးနှင့် ကျန်းမာရေး၊ သက်တမ်းစေ့နေနိုင်ရေး၊ ကျန်းမာသောလူ့ဘ၀ကို ပိုင်ဆိုင်နိုင်ရေး၊ ကဗျာကဏ္ဍတွင် လူအဆင့်ညှိတဲ့ မရဏမင်း၊ ရှင်သန်ဆက်လက် တိုးတက်ရေး၊ အတွေးအခေါ်နှင့် တက်ကျမ်းဆိုင်ရာ ကဏ္ဍတွင် အရေးပါသော စေ့ဆော်မှု၊ ကွာလတီကို ပြန်လည်အဓိပ္ပာယ်ဖွင့်ဆိုခြင်း၊ ညှိနှိုင်း ဆွေးနွေးရေးသမားကောင်း ဆိုတာ၊ မြင့်မားကြီးမြတ်သော အောင်မြင်မှုဆီသို့၊ နိုင်ငံတကာဆိုင်ရာကဏ္ဍတွင် ကလေးသူငယ် ပြုစုပျိုးထောင်မှု အကောင်းဆုံးနိုင်ငံ၊ ရာသီဥတုအရေး တက်ကြွလှုပ်ရှားသူ၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာကဏ္ဍတွင် သမုဒ္ဒရာရေလှိုင်းမှ စွမ်းအင်ထုတ်ယူခြင်း၊ သိပ္ပံဆိုသည်မှာ၊ သဘာ၀ပတ်ဝန်းကျင် ရှုထောင့်ဆိုင်ရာ ကဏ္ဍတွင် မြေအောက်ရေနှင့်် ကျန်းမာရေး၊ ကျန်းမာရေး ဆိုင်ရာကဏ္ဍတွင် ဆန်းသစ်ဖွေရှာ ဆေးပညာ (၂၂၀)၊ ကိုရိုနာဗိုင်းရပ်စ် (COVID- 19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ မူးယစ်ဆိုင်ရာကဏ္ဍတွင် တရားမဝင်မူးယစ်ဆေးဝါးလုပ်ငန်း၊ ပြန်လည်ကြီးထွားလာခြင်း၊ ဖြစ်ရပ်မှန်ကဏ္ဍတွင် ပျောက်ဆုံးသွားသောအိမ်မက်၊ ၀တ္ထုတိုကဏ္ဍတွင် မီလီပေးတဲ့ ဘ၀အသိ၊ ကျွန်မလူနာ ကျွန်မဆရာ၊ မေ့မေ့လျော့လေျာ့၊ အထွေထွေကဏ္ဍတွင် မြတ်နိုး နှစ်သက်စရာ ကော်ဖီပါ၊ မေတ္တာနယ်ပယ် ရင်သွေးငယ်နှင့် ဟာသ စသည်ဖြင့်် ကဏ္ဍမျိုးစုံ ဆောင်းပါး များ ပါဝင်ပါသည်။
သုတပဒေသာစာစောင်ကို တစ်အုပ်လျှင် ၂၅ဝဝ ကျပ်နှုန်းဖြင့် စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်၊ ဖုန်း ဝ၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၂၄၉ဝ၃၁၊ ၀၁- ၃၈၁၄၄၈၊ စာပေဗိမာန် စာအုပ်ဆိုင်၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း ဝ၂- ၄၀၃ဝ၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများ၊ မန္တလေးမြို့ရှိ ထွန်းဦးစာပေ၊ နဂါးစာပေနှင့် မြို့အသီးသီးရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံ ဝယ်ယူရရှိနိုင်ပြီး လက်ကားမှာယူလိုပါက စာပေဗိမာန်စာအုပ်ဆိုင် အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၂၄၉ဝ၃၁၊ ၀၁- ၃၈၁၄၄၈ သို့ ဆက်သွယ် မှာယူနိုင်ပါသည်။