• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး

ရွှေသွေးဂျာနယ်

  1. ပင်မစာမျက်နှာ
  2. စာပေဗိမာန်ထုတ် စာအုပ်များ
  3. ရွှေသွေးဂျာနယ်
၇- ၁၁ - ၂၀၂၆ ရ¬¬က်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၈) အမှတ် (၄၅)ထွက်ရှိ

၇- ၁၁ - ၂၀၂၆ ရ¬¬က်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၈) အမှတ် (၄၅)ထွက်ရှိ

တန်ဖိုး - ၄၀၀ကျပ်

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၄၅) ၌ သဘာဝကပေးသော မိမိ၏ဘဝနှင့် စွမ်းရည်ကို ကျေကျေနပ်နပ်လက်ခံကာ အန္တရာယ် ကြုံလာသောအခါတွင်လည်း လွတ်မြောက်အောင် ကြံဆောင်နိုင်ခဲ့သော လိပ်ကလေး အကြောင်းကို သရုပ်ဖော်ထားသည့် “စွမ်းရည်ကိုယ်စီ” မျက်နှာဖုံးကာတွန်း၊ သူတစ်ပါးခြံထဲမှ မာလကာသီးကို ပိုင်ရှင်မသိအောင် ဝင်ခူးနေ၍ မိမိ၏ဖိနပ်အသစ် ပျောက်ဆုံးသွားရသော ထူးထူး အကြောင်းကို သရုပ်ဖော်ထားသည့် “ထူးထူး- ခိုးစားမိလို့” နှစ်မျက်နှာကာတွန်း၊ တိရစ္ဆာန်ငယ်လေးများ အပေါ် အနိုင်ကျင့်ကာ စားသုံးတတ်သော ခြင်္သေ့ကြီး၏ အန္တရာယ်မှ ရှောင်ရှားနိုင်ခဲ့သော ယုန်ငယ်လေး၏ ဖြတ်ထိုးဉာဏ်ကောင်းပုံအကြောင်းကို သရုပ်ဖော်ထားသည့် “ဉာဏ်ကောင်းတဲ့ ယုန်ကလေး”  နှစ်မျက်နှာ ကာတွန်း၊ သူငယ်ချင်းနှစ်ဦး၏ ခင်မင်မှုကို မပျက်စီးစေဘဲ မိမိ၏ စိုက်ပျိုးရေးခြံထဲသို့ ဝင်ရောက် ဖျက်ဆီးခဲ့သော ကြက်၊ ဘဲများအန္တရာယ်မှ ကာကွယ်နိုင်ခဲ့သော ဖိုးထူးအကြောင်းကို  သရုပ်ဖော်ထားသည့် “အကြံကောင်း”  နှစ်မျက်နှာကာတွန်း၊ ဈေးသည်၏ စကားကို သေချာစွာ မဆန်းစစ်ဘဲ ဈေးဝယ်ခဲ့မိ၍ နောင်တရသွားသော ပေါ်ဆန်းအကြောင်းကို သရုပ်ဖော်ထားသည့် “ပေါ်ဆန်း” တစ်မျက်နှာကာတွန်းနှင့် စာမကြိုးစားဘဲ စကားကိုသာ ကတ်တီးကတ်ဖဲ့ ပြောတတ်သော ဖိုးဇော်အကြောင်းကို    သရုပ်ဖော်ထား သည့် “ရှေ့က ထည့်ထားတာ” မျက်နှာဝက်ကာတွန်းတို့ ပါဝင်ပါသည်။

သုတဆောင်းပါးကဏ္ဍ၌ လူမှုနယ်ပယ်တွင် တစ်ဦးနှင့် တစ်ဦး ပြောဆိုဆွေးနွေးမှုများ၊ ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်သင့်ကြောင်းကို ရေးသားထားသည့် “သင်နည်းအံဝင် “စီ” ငါးအင်” သုတ ဆောင်းပါး၊ တစ်သက်လုံး ဆိုးမိုက်ခဲ့သည်ကို နောင်တရ၍ အသက်သခင်ကျေးဇူးရှင်တို့ကို အသက်ပေး ကာ ကျေးဇူးဆပ်ခဲ့သော သူခိုးတစ်ယောက်အကြောင်းကို ရေးသားထားသည့် “အသက်ပေးပြီး ကျေးဇူး ဆပ်သူ” ပုံပြင်နှင့် မိခင် မုန့်ဟင်းခါးရောင်းသည်ကို ကူညီနေရသော်လည်း ကျောင်းစာတွင် လစ်ဟင်းမှု မရှိစေဘဲ ထူးချွန်အောင် ကြိုးစားနေသည့် ကျော်ဦးအကြောင်းကို ရေးသားထားသည့်  “မုန့်ဟင်းခါးဆိုင်မှ အသိတစ်ခု” ဝတ္ထုတို့ ပါဝင်ပါသည်။ ထို့ပြင် ကလေးတို့ကိုယ်တိုင် ရေးဆွဲထားသည့် ပန်းချီလက်ရာများကို ဖော်ပြထားသည့် “ရွှေသွေးတို့ လက်ရာ” ကဏ္ဍ၊  စာပေ၊ ဂီတ၊ သဘင်၊ ရုပ်ရှင် စသည့် ယဉ်ကျေးမှု အမွေအနှစ်များကို အများပြည်သူများ ကြည့်ရှုလေ့လာနိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ပြသထားသည့် စာဆိုဗိမာန်သို့ လာရောက်လေ့လာနိုင်ရန် ဖိတ်ခေါ်ထားသည့် ကြော်ငြာနှင့် တစ်ဦးနှင့် တစ်ဦး ပေါင်းသင်း ဆက်ဆံရာ၌ တစ်ဦး၏ အခက်အခဲကို တစ်ဦးက ကူညီကာ ချစ်ချစ်ခင်ခင် ပြောဆိုဆက်ဆံသင့်ကြောင်း သီကုံးဖွဲ့ဆိုထားသည့် “အလှထုဆစ်စို့” ကဗျာနှင့် အသက်အရွယ်ကြီးလာပြီဖြစ်သော မိအိုဖအို ဘိုးဘွားအိုတို့ကို ဖေးမကူညီစောင့်ရှောက် ပေးရမည်ဖြစ်ကြောင်း သီကုံးစပ်ဆိုထားသည့် “အလှကုသိုလ်” ကဗျာတို့ ပါဝင်ပါသည်။ 

အင်္ဂလိပ်စာကဏ္ဍအနေဖြင့် အီဒီယမ်များအပါအဝင် Two-word Verb ဟု ခေါ်သော Phrasal Verb များ၏ အသုံးများနှင့် ပတ်သက်သည့် အင်္ဂလိပ်စာအသုံးအနှုန်းများကို  လေ့လာနိုင်မည် ဖြစ်သည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊     ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။

ဆက်စပ် စာအုပ်များ
အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

 အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

ရွှေသွေးဂျာနယ်အကြောင်း
ရွှေသွေးဂျာနယ်အကြောင်း

ရွှေသွေးဂျာနယ်အကြောင်း

စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

အသစ်ထွက်ရှိသောစာအုပ်များ
“မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် အမေရိကန်ရောက် မြန်မာပညာတော်သင်တစ်ဦး၏ မှတ်တမ်း”
လစဉ်ပေးပို့သောစာအုပ်များ
book Title
  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • အရောင်းဌာန
  • သုတပဒေသာစာစောင်
  • ပြည်သူ့လက်စွဲစာစဉ်
  • စာမူများ
  • စာပေဗိမာန်
  • ရွှေသွေး
  • အခမ်းအနားများ
  • စာပေရေချမ်းစင်
  • စာကြည့်တိုက်
  • စာအုပ်များ
books
  • ၇- ၁၁ - ၂၀၂၆ ရ¬¬က်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၈) အမှတ် (၄၅) e-book ထွက်ရှိ

    09-Nov-2026
  • စာပေဗိမာန် စာမူဆု၊ ကလေးစာပေ တတိယဆုရရှိသည့် စာရေးသူ ခင်ဇော် (သီတာကုန်းပြင်) ၏ အရသာရှိသော အောင်မြင်မှုနှင့် အခြားစာစုများ စာအုပ်ကို ဖြန့်ချိရောင်းချ

    09-Nov-2026
  • စာပေဗိမာန် စာမူဆု ဝတ္ထုတိုပေါင်းချုပ် တတိယဆုရရှိသည့် စာရေးဆရာ ရဲမင်းစိုး၏ “မုန်တိုင်းကိုမမှု အန်တုလေ သော်နှင့် အခြားဝတ္ထုတိုများ” စာအုပ်ကို ဖြန့်ချိရောင်းချ

    06-Nov-2026
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2026 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman