• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး

ရွှေသွေးဂျာနယ်

  1. ပင်မစာမျက်နှာ
  2. စာပေဗိမာန်ထုတ် စာအုပ်များ
  3. ရွှေသွေးဂျာနယ်
၅ - ၁၂ - ၂၀၂၀ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၂)၊ အမှတ် (၄၉) ထွက်ရှိ

၅ - ၁၂ - ၂၀၂၀ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၂)၊ အမှတ် (၄၉) ထွက်ရှိ

တန်ဖိုး - ၃၀၀ကျပ်

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက်(၁၂) နှစ်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန်ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၅ ရက် (စနေနေ့) တွင်ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၂)၊ အမှတ်(၄၉)၌ မောင်သီဟသည် မူးယစ်သေရည်သောက်မိပြီး အပျော်လွန်သွားသည့်အခါ သူ၏ကျေးဇူးရှင်သူဌေးအပေါ် မကောင်းသောအကြံများ ကြံမိတော့မည့်အကြောင်းကို ရေးဖွဲ့ထားသည့် ကာတွန်းရွှေမိုး၏ “အချိန်မီရတဲ့ နောင်တ”မျက်နှာဖုံးကာတွန်း၊ ပတ်ဝန်းကျင် လှပသာယာစေရန်အတွက် မိမိတို့ကိုယ်တိုင်တန်ဖိုးထား ထိန်းသိမ်းရမည်ဖြစ်ကြောင်းကို ရေးဖွဲ့ထားသည့် ကာတွန်းဩဇာသီး၏ “ပေတိုး” နှစ်မျက်နှာကာတွန်း၊ မိမိ၏အသက်သခင်ကျေးဇူးရှင်ကို ကျေးဇူးသိတတ်ရန် လိုအပ်ကြောင်းကို ပညာပေးတင်ဆက်ထားသည့် ဆရာဝင်းဇော်(သုံးဆယ်)က ရေးသား၍ ကာတွန်းဆူးထက်အောင် သရုပ်ဖော်ထားသည့် “ကျေးဇူးသိတတ်တဲ့သူ” သုံးမျက်နှာကာတွန်း၊ ဖိုးသား၏ သင်တန်း ပေးထားသော ခွေးလေးအကြောင်းကို ဟာသဖြစ်ဖွယ်ရေးဖွဲ့ထားသည့် ကာတွန်းစိုးတင့်(ဟီးနိုး)၏ “ဖိုးသား” နှစ်မျက်နှာကာတွန်း၊ သားသားလေးတစ်ယောက်တည်းသာ လိမ္မာစွာဖြင့် စာဖတ်နေသည့်အကြောင်းကို ဟာသဖြစ်ဖွယ် တင်ဆက်ထားသည့် ဆရာအဲမုခ၏ “အလိမ္မာ စာမှာရှိ” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက် ထားသည်။

သုတကဏ္ဍတွင် ကိုယ်ခန္ဓာ ကျန်းမာသန်စွမ်းစေရန်နှင့် သင်ယူလေ့လာမှုတို့တွင် ဉာဏ်ရည်ထက်မြက်ဖွံ့ဖြိုးစေရန်အတွက် လိမ္မော်သီးကို ပုံမှန်စားသင့်ကြောင်း ရေးဖွဲ့ထားသည့် ဆရာခွန်သန်းထူး၏ “လိမ္မော်သီး” သုတဆောင်းပါး၊ မိဘများကို ရိုသေလေးစားစွာ ပြုစုလုပ်ကျွေးသင့်ကြောင်း ရေးဖွဲ့ ထားသည့် ဆုံးမစာကို ရွှေသွေးတို့ ဗဟုသုတရရှိစေရန်အတွက် တင်ဆက်ထားသည့် ဆရာမသဇင်ဦး၏ “မိခင် ဖခင် ကျေဇူးရှင်” ဆုံးမစာကဏ္ဍတို့ ပါဝင်သည်။ ဆရာ၊ ဆရာမများအပေါ်တွင် မကောင်းသည့် အငြိုးများ မထားသင့်သည့်အကြောင်းကို ပညာပေးရေးဖွဲ့ထားသည့် ဆရာမပြုံး(ပညာရေး)၏ “မကောင်းတဲ့ အငြိုးမထားတော့ပါ” ကလေးဝတ္ထုကို ဖတ်ရှုရမည်ဖြစ်ပါသည်။ ထို့ပြင် ကလေးတို့စိတ်ကြိုက် အရောင်များကို ရွေးချယ်ပြီး အရောင်များ ခြယ်သနိုင်ရန်အတွက် ရုပ်ပုံနှင့် တင်ဆက်ထားသည့် ဆရာစိုးစံ၏ “ဆေးရောင်လှလှခြယ်ကြမယ်” ကဏ္ဍ၊ ခွာညိုပန်းများပွင့်ပြီး နှင်းဖွေးဖွေးကျသော ဒီဇင်ဘာလ အကြောင်းကို ရေးဖွဲ့ထားသည့် ကဗျာဆရာမောင်ငြိမ်းရည်(မင်းကင်း)၏ “ရွှေသွေးတို့ ဒီဇင်ဘာ” ကဗျာ၊ သဇင်ပန်းများပွင့်ပြီး စာဆိုပွဲများ မြိုင်မြိုင်ဆိုင်ဆိုင်ကျင်းပသည့် နတ်တော်လအကြောင်းကို ရေးဖွဲ့ထားသည့် ကဗျာဆရာမင်းနီခိုင် (မောင်တော) ၏ “စာဆိုတော်လ” ကဗျာတို့ကို တင်ဆက်ထားသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် နေ့စဉ်သုံးအင်္ဂလိပ်စကားပြောနှင့် ပတ်သက်၍ အပြန်အလှန် မေးမြန်းပြောဆိုပုံ သင်ခန်းစာသစ်အချို့ကို ကလေးတို့ လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၃၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန် အရောင်းဌာနစု၊ အမှတ်(၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း-၀၁-၃၈၁၄၄၈၊  ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။


ဆက်စပ် စာအုပ်များ
အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

 အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

ရွှေသွေးဂျာနယ်အကြောင်း
ရွှေသွေးဂျာနယ်အကြောင်း

ရွှေသွေးဂျာနယ်အကြောင်း

စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

အသစ်ထွက်ရှိသောစာအုပ်များ
ပခုက္ကူစာပေဆုရ စာအုပ်ဖြန့်ချိရောင်းချ ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ပခုက္ကူစာပေ ဆု၊  ကျမ်းစာပေ ပထမဆုရရှိသည့် စာရေးဆရာ ကိုတိုး (ရန်ကင်း)၏  ‘ကုန်းဘောင်ခေတ်စာဆို လက်ဝဲသုန္ဒရ၏ ဘဝနှင့် စာပေ’စာအုပ်ကို ဖြန့်ချိ ရောင်းချ
လစဉ်ပေးပို့သောစာအုပ်များ
book Title
  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • ရွှေသွေး
  • ပြိုင်ပွဲများ
  • အခမ်းအနားများ
  • စာကြည့်တိုက်
  • အရောင်းဌာန
  • ပုံနှိပ်ရေး
  • သုတပဒေသာစာစောင်
  • စာအုပ်များ
  • စာပေဗိမာန်
  • ပြည်သူ့လက်စွဲစာစဉ်
books
  • ၃၁-၅-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၂) e-book ထွက်ရှိ

    02-Jun-2025
  • ၃၁ - ၅ - ၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၂) ထွက်ရှိ

    30-May-2025
  • ၂၀၂၅ ခုနှစ်၊ မေလ ၃၀ ရက်ထုတ် အတွဲ (၇၈)၊ အမှတ် (၂၂) ပြန်တမ်းစာစောင်ကို စာပေဗိမာန် စာအုပ်အရောင်းဆိုင်များမှ တစ်ဆင့် စတင်ဖြန့်ချိ

    29-May-2025
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2025 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman