• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး

ရွှေသွေးဂျာနယ်

  1. ပင်မစာမျက်နှာ
  2. စာပေဗိမာန်ထုတ် စာအုပ်များ
  3. ရွှေသွေးဂျာနယ်
၁၇ - ၁၀ - ၂၀၂၀ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၂)၊ အမှတ် (၄၂) ထွက်ရှိ

၁၇ - ၁၀ - ၂၀၂၀ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၂)၊ အမှတ် (၄၂) ထွက်ရှိ

တန်ဖိုး - ၂၅၀ကျပ်

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန် ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန်ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့ တိုင်းထုတ်ဝေလျက်ရှိရာ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၇ရက် (စနေနေ့) တွင်ထွက်ရှိမည့် ရွှေသွေး ဂျာနယ် အတွဲ(၅၂) အမှတ် (၄၂) ၌ မိမိ၌ ဒုက္ခကြုံတွေ့ရသောအခါ အကူအညီပေးသော သူငယ်ချင်းများ အကြောင်းကို ကလေးတို့ အတုယူဖွယ် တင်ဆက်ထားသည့် “သူငယ်ချင်းကောင်း” မျက်နှာဖုံးကာတွန်း၊ သူတစ်ပါးအပေါ် စနောက်ရာတွင်လည်း သူတစ်ပါးမခံချင်အောင် မပြောဆိုဘဲ ကျေနပ်နိုင်အောင် စနောက် နိုင်သည့် ဉာဏ်ကောင်းသည့် ညီပုအကြောင်းကို ရေးဖွဲ့ထားသည့် “ညီပု” နှစ်မျက်နှာကာတွန်း၊ ညီညီသည် အပြင်မှ ပြန်လာသော သူ၏အဖေအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ လိုက်နာရမည့် ဆောင်ရွက်ရန် ရှိသည်များကို ပြုလုပ်စေပုံအကြောင်းကို ရေးဖွဲ့ထားသည့် “ကိုကို ညီညီ” နှစ်မျက်နှာကာတွန်း၊ တစ်ဦးနှင့်တစ်ဦး မေတ္တာတရားထားကာ နေထိုင်ပါက ရန်သူများပင် ဖြစ်လင့်ကစား အချင်းချင်း သင့်မြတ်စွာ နေထိုင်နိုင်ပုံအကြောင်းကို တင်ဆက်ထားသည့် ကာတွန်းMGU (မောင်ဦး)၏ “ဘေဘီ ဗွတ်ကလုံ” နှစ်မျက်နှာကာတွန်း၊ ငရုတ်သီးအစိမ်းမှုန့် သွားဝယ်သော ရန်ပိုင်စိုးအကြောင်းကို ရေးဖွဲ့ထားသည့် ကာတွန်း စောဟန်၏ “ရန်ပိုင်စိုး” တစ်မျက်နှာဟာသကာတွန်းတို့ကို တင်ဆက်ထားပါသည်။

သုတကဏ္ဍအနေဖြင့် ကမ္ဘာ့တိုက်ကြီး (၇) တိုက်၏ ထူးခြားချက်များအကြောင်းကို ဗဟုသုတဖြစ်ဖွယ် ရေးဖွဲ့ထားသည့် ဆရာမအင်ကြင်း (ဆေး-၁)၏  “ကမ္ဘာ့တိုက်ကြီး (၇) တိုက်၏ ထူးခြားချက်များ”  သုတဆောင်းပါးနှင့် ကမ္ဘာနှင့်အဝှမ်းတွင် လတ်တလောကြုံတွေ့နေရသော ကိုဗစ်-၁၉ ရောဂါကို အားလုံး ဝိုင်းဝန်း တိုက်ထုတ်နိုင်ရန် ရေးဖွဲ့ထားသည့် ဆရာမစိုးငယ်ဖြိုး၏ “မမြင်နိုင်တဲ့ ကူးစက်မြန် ကိုဗစ်-၁၉ကို အားလုံးအတူတူ တိုက်ထုတ်ကြစို့” သုတဆောင်းပါးတို့ကို တင်ဆက်ထားပါသည်။ ဝတ္ထုကဏ္ဍတွင် ကလေးများသည် ငယ်စဉ်အရွယ်မှစ၍ မိမိကိုယ်တိုင် ဆောင်ရွက်ရန် ရှိသည့်အရာများကို  သူတစ်ပါးအား အားမကိုးဘဲ မိမိကိုယ်တိုင် စည်းကမ်းရှိစွာ ဆောင်းရွက်နိုင်ရန် လေ့ကျင့်နေထိုင်ကြရမည်ဖြစ်ကြောင်း ပညာပေးရေးဖွဲ့ထားသည့် ဆရာထက်ဝေအောင် (စစ်ကိုင်း)၏ “စည်းကမ်းပြည့်ဝ လူ့အလှ” ကလေးဝတ္ထုကို ဖတ်ရှုရမည်ဖြစ်ပါသည်။ ထို့ပြင် ကလေးတို့ရေးဆွဲထားသော ကာတွန်းများကို ဖော်ပြပေးထားသည့် “ရွှေသွေးတို့လက်ရာ” ကဏ္ဍ၊ ကလေးတို့ ဉာဏ်ရည်ဖွံ့ဖြိုးစေရန် တင်ဆက်ထားသည့် “ရွှေသွေးတို့ ပျော်စရာ” ဉာဏ်စမ်းကဏ္ဍနှင့် ကမ္ဘာမြေကြီးကို ချစ်မြတ်နိုးတန်ဖိုးထား ထိန်းသိမ်းမည်ဆိုပါက အကျိုးကျေးဇူးများစွာ ရရှိနိုင်ပုံအကြောင်းကို ရေးဖွဲ့ထားသည့်  ဆရာမရွှေမြိုင်ပြုံးလဲ့မော်၏ “ချစ်သော ကမ္ဘာမြေ” ကဗျာတို့ကို ဝေဝေဆာဆာတင်ဆက်ထားပါသည်။

အင်္ဂလိပ်စာကဏ္ဍအနေဖြင့် လက်တွေ့ကျကျအသုံးပြုနေသော အင်္ဂလိပ်စကားပြောနှင့် ပတ်သက်၍ တင်ဆက်ထာသည့် ဆရာ KML ၏ “ရွှေသွေးအင်္ဂလိပ်စကားဝိုင်း” ကဏ္ဍကို တင်ဆက်ထားပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ်(၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ဖုန်း-၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။


ဆက်စပ် စာအုပ်များ
အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

 အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

ရွှေသွေးဂျာနယ်အကြောင်း
ရွှေသွေးဂျာနယ်အကြောင်း

ရွှေသွေးဂျာနယ်အကြောင်း

စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

အသစ်ထွက်ရှိသောစာအုပ်များ
ပခုက္ကူစာပေဆုရ စာအုပ်ဖြန့်ချိရောင်းချ ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ပခုက္ကူစာပေ ဆု၊  ကျမ်းစာပေ ပထမဆုရရှိသည့် စာရေးဆရာ ကိုတိုး (ရန်ကင်း)၏  ‘ကုန်းဘောင်ခေတ်စာဆို လက်ဝဲသုန္ဒရ၏ ဘဝနှင့် စာပေ’စာအုပ်ကို ဖြန့်ချိ ရောင်းချ
လစဉ်ပေးပို့သောစာအုပ်များ
book Title
  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • ရွှေသွေး
  • စာပေရေချမ်းစင်
  • စာမူများ
  • အရောင်းဌာန
  • စာအုပ်များ
  • စာပေဗိမာန်
  • ပြည်သူ့လက်စွဲစာစဉ်
  • သုတပဒေသာစာစောင်
  • စာကြည့်တိုက်
  • ပြိုင်ပွဲများ
books
  • ၃၁-၅-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၂) e-book ထွက်ရှိ

    02-Jun-2025
  • ၃၁ - ၅ - ၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၂) ထွက်ရှိ

    30-May-2025
  • ၂၀၂၅ ခုနှစ်၊ မေလ ၃၀ ရက်ထုတ် အတွဲ (၇၈)၊ အမှတ် (၂၂) ပြန်တမ်းစာစောင်ကို စာပေဗိမာန် စာအုပ်အရောင်းဆိုင်များမှ တစ်ဆင့် စတင်ဖြန့်ချိ

    29-May-2025
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2025 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman