• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး

ရွှေသွေးဂျာနယ်

  1. ပင်မစာမျက်နှာ
  2. စာပေဗိမာန်ထုတ် စာအုပ်များ
  3. ရွှေသွေးဂျာနယ်
၂၃- ၁၀- ၂၀၂၁ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၃)၊ အမှတ် (၄၃) ထွက်ရှိ

၂၃- ၁၀- ၂၀၂၁ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၃)၊ အမှတ် (၄၃) ထွက်ရှိ

တန်ဖိုး - ၃၀၀ကျပ်

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် နှင့်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၃)၊ အမှတ်(၄၃)၌ အသက်ကြီး၍ ခန္ဓာကိုယ်အင်အားလျော့နည်းနေသော်လည်း အတွေ့အကြုံရင့်ကျက်ပြီး ဗဟုသုတ ပြည့်ဝသော သူများကို လေးစားသင့်ကြောင်း ပညာပေးတင်ဆက်ထားသည့် “အတွေ့အကြုံ” မျက်နှာဖုံးဇာတ်လမ်း၊ မည်သည့်ကိစ္စမဆို အလွဲလွဲအချော်ချော် လုပ်တတ်သော ဖိုးဇော်အကြောင်းကို ဟာသဖြစ်ဖွယ် တင်ဆက်ထားသည့် “အလွဲများ” နှစ်မျက်နှာကာတွန်း၊ အတွေ့အကြုံရင့်ကျက်သော ငါးကြီး၏ ပြောစကားကို လိုက်နာကျင့်သုံး၍ အသက်ဘေးမှ လွတ်ကင်းသွားသော ငါးများအကြောင်းကို ရေးဖွဲ့ထားသည့် “ပညာရှိသောငါးကြီး” နှစ်မျက်နှာ ကာတွန်း၊ အလုပ်တစ်ခုခုကို လုပ်ဆောင်ရာ၍ တစ်ခါတစ်ရံတွင် အမှားများနှင့်ကြုံတွေ့ရတတ်ပုံနှင့် ထိုကဲ့သို့ ကြုံတွေ့လာပါကလည်း ၎င်းအမှားမျိုး နောင်မဖြစ်စေရန် ဆင်ခြင်သင့်ပုံနှင့် မိမိအမှားကို အကျိုးရှိစေမည့် အခြားနည်းလမ်းတို့ကို ရှာဖွေလုပ်ဆောင်သင့်ကြောင်း ရေးဖွဲ့ထားသည့် “အိမ့်နှစ်” နှစ်မျက်နှာကာတွန်း၊ သစ်ပင် စိုက်ပျိုးခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများကို ရေးဖွဲ့ထားသည့်  “ဖိုးလပြည့်” တစ်မျက်နှာကာတွန်းနှင့် သူ၏ဘကြီးလာပါက ဟင်းကောင်းစားရမည်ဟုတွေးကာ ပျော်ရွှင်နေသော ရန်ပိုင်စိုးအကြောင်းကို ဟာသဖြစ်ဖွယ် တင်ဆက်ထားသည့် “ရန်ပိုင်စိုး” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။

သုတကဏ္ဍတွင် တိုးတက်လာသောခေတ်နှင့်အညီ သုံးစွဲမှုများပြားလာသော ဖုန်းများကို မိမိတို့နှင့် နီးနီးကပ်ကပ် ထားအိပ်ပါက ရရှိလာမည့်ဆိုးကျိုးအချို့ကို ကလေးတို့လိုက်နာနိုင်ရန် ဗဟုသုတရဖွယ် တင်ဆက်ထားသည့် “ဖုန်းကို မိမိအနားမှာထား၍ အိပ်စက်သင့်ပါသလား” သုတဆောင်းပါးကို ထည့်သွင်းဖော်ပြထားပြီး ကလေး များအနေဖြင့် ကျောင်းဖွင့်ရက်အမီ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံသင့်ကြောင်း နှိုးဆော်ထားသည့် နှိုးဆော်ချက် ကြော်ငြာနှင့် ရွှေသွေးဂျာနယ်အထူးထုတ် ၂၀၂၂ တွင် ကလေးလက်ရာ ကာတွန်းများနှင့် စာစီစာကုံးများကို ထည့်သွင်းဖော်ပြနိုင်ရန် ဖိတ်ခေါ်ထားသည့် ကြော်ငြာတို့ကို ထည့်သွင်းဖော်ပြထားပါသည်။ သူတစ်ပါးအပေါ် စိတ်ကောင်းထားကာ ပြုစုလုပ်ကိုင်ပေးပါက မိမိတွင်လည်း ကောင်းကျိုးရရှိနိုင်ပုံကို ပညာပေးရေးဖွဲ့ထားသည့် “ရတနာ” ပုံပြင်နှင့် မိမိပြုလုပ်ခဲ့သည့် ကောင်းကျိုးနှင့် မကောင်းကျိုးတို့၏ အကျိုးဆက်များကို မိမိတို့ကိုယ်တိုင် ခံစားရမည်ဖြစ်ကြောင်းကို ကလေးတို့အတွက် အတုယူဖွယ်တင်ဆက်ထားသည့် “ပန်းပဲဆရာ” ဝတ္ထုတို့ကို တင်ဆက်ထားပါသည်။ ကလေးတို့အနေဖြင့် ရုပ်ပုံထဲတွင်ရှိသည့် အင်္ဂလိပ်အက္ခရာများကို မျက်စိလျင်လျင်ဖြင့် ရှာဖွေနိုင်မည့် “ဖော်ပြပါပုံသုံးပုံမှ တစ်ပုံကို အင်္ဂလိပ်အက္ခရာ ဘယ်နှလုံးစီပါတယ်ဆိုတာကို ရှာကြည့်ကြပါဦးကွယ်” ဉာဏ်စမ်းနှင့် ရေတွက်၍ရသောနာမ်များနှင့် ရေတွက်၍မရသော နာမ်များအကြောင်းကို လေ့ကျင့်ခန်းများနှင့်တကွ တင်ဆက်ထားသည့် “ရွှေသွေးအင်္ဂလိပ်သဒ္ဒါ” အင်္ဂလိပ်စာသင်ခန်းစာကဏ္ဍတို့ကိုလည်း ထည့်သွင်းဖော်ပြထား ပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၃၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။

ဆက်စပ် စာအုပ်များ
အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

 အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

ရွှေသွေးဂျာနယ်အကြောင်း
ရွှေသွေးဂျာနယ်အကြောင်း

ရွှေသွေးဂျာနယ်အကြောင်း

စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

အသစ်ထွက်ရှိသောစာအုပ်များ
ပခုက္ကူစာပေဆုရ စာအုပ်ဖြန့်ချိရောင်းချ ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ပခုက္ကူစာပေ ဆု၊  ကျမ်းစာပေ ပထမဆုရရှိသည့် စာရေးဆရာ ကိုတိုး (ရန်ကင်း)၏  ‘ကုန်းဘောင်ခေတ်စာဆို လက်ဝဲသုန္ဒရ၏ ဘဝနှင့် စာပေ’စာအုပ်ကို ဖြန့်ချိ ရောင်းချ
လစဉ်ပေးပို့သောစာအုပ်များ
book Title
  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • အခမ်းအနားများ
  • စာမူများ
  • ပြည်သူ့လက်စွဲစာစဉ်
  • စာပေဗိမာန်
  • စာပေရေချမ်းစင်
  • ရွှေသွေး
  • သုတပဒေသာစာစောင်
  • စာအုပ်များ
  • ပြိုင်ပွဲများ
  • စာကြည့်တိုက်
books
  • ၃၁-၅-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၂) e-book ထွက်ရှိ

    02-Jun-2025
  • ၃၁ - ၅ - ၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၂) ထွက်ရှိ

    30-May-2025
  • ၂၀၂၅ ခုနှစ်၊ မေလ ၃၀ ရက်ထုတ် အတွဲ (၇၈)၊ အမှတ် (၂၂) ပြန်တမ်းစာစောင်ကို စာပေဗိမာန် စာအုပ်အရောင်းဆိုင်များမှ တစ်ဆင့် စတင်ဖြန့်ချိ

    29-May-2025
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2025 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman