• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး

ရွှေသွေးဂျာနယ်

  1. ပင်မစာမျက်နှာ
  2. စာပေဗိမာန်ထုတ် စာအုပ်များ
  3. ရွှေသွေးဂျာနယ်
၉- ၁၀- ၂၀၂၁ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၃)၊ အမှတ် (၄၁) ထွက်ရှိ

၉- ၁၀- ၂၀၂၁ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၃)၊ အမှတ် (၄၁) ထွက်ရှိ

တန်ဖိုး - ၃၀၀ကျပ်

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၉ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၃)၊ အမှတ်(၄၁)၌ လူကြီးသူမများ၏ ပြောဆိုဆုံးမမှုကို လိုက်နာဆောင်ရွက်မှုကြောင့် ကြီးပွား ချမ်းသာသွားသော မောင်လိမ္မာလေးအကြောင်းကို ပညာပေးတင်ဆက်ထားသည့် “မောင်လိမ္မာ” မျက်နှာဖုံးဇာတ်လမ်း၊ မိခင်လုပ်ခိုင်းသော အလုပ်များသည် များပြားလှသောကြောင့် ဖုန်းဖြင့်ပင် မှတ်သား ထားရပုံကို ဟာသဖြစ်ဖွယ်တင်ဆက်ထားသည့် “မေမေနဲ့ သားသား” နှစ်မျက်နှာကာတွန်း၊ မိမိကို သင်ကြားပြသပေးသော သင်ဆရာများနှင့် အတုယူဆောင်ရွက်ရသည့် မြင်ဆရာတို့၏ ကျေးဇူးတရားများ ကို အမြဲသတိရအောက်မေ့နေရမည်ဖြစ်ကြောင်းကို ပန်းချီကားထဲရှိ ရုပ်ပုံကို အတုယူ၍ သမင်ရုပ်ထုလုပ် နေသော မောင်ကံကောင်းလေးကို သူ့အဖေ၏ဆုံးမစကားများဖြင့်  တင်ဆက်ထားသည့် “ပန်းပုဆရာကြီး” နှစ်မျက်နှာကာတွန်း၊ ကောမစ်ရေးဆွဲနေကြသော ဖိုးဇော်တို့အကြောင်းကို ဟာသဖြစ်ဖွယ် ရေးဖွဲ့ထား သည့် “ကိုယ်ပွား” နှစ်မျက်နှာကာတွန်း၊ သီးနှံခင်းများကို ဖျက်ဆီးသော ကြက်မကြီးကို သူ၏ဟင်းလျာ အဖြစ် တွေးကာပုံဖော်နေသော “ဦးအောင်ကြီး” တစ်မျက်နှာကာတွန်းနှင့် ဦးလေးဖြစ်သူထံမှ ပိုက်ဆံရရန် တောင်းနေသော ဉာဏ်များလွန်းသည့် ရန်ပိုင်စိုး၏ ပြောဆိုပုံကို ဟာသနှော၍ တင်ဆက်ထားသည့် “ရန်ပိုင်စိုး” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။

သုတကဏ္ဍတွင် ကလေးတို့အနေဖြင့် မိမိတို့၏အသုံးအဆောင်ပစ္စည်းများကို  နေရာဒေသအလိုက် အကျိုးရှိရှိ သုံးစွဲသင့်ပုံကို ဗဟုသုတရဖွယ် ရေးဖွဲ့ထားသည့် “မနှင်းပွင့်နှင့် မိတ်ဆွေလေးများ” သုတ ဆောင်းပါးနှင့် ကိုဗစ်-၁၉ ကပ်ရောဂါကြီး အမြန်ပြီးဆုံးကာ မိမိတို့၏ ဆွေမျိုးမိတ်ဆွေများရှိရာ နေရာ ဒေသများသို့ သွားရောက်လည်ပတ်လိုသော ကလေးများ၏ စိတ်ဆန္ဒကို ပေါ်လွင်အောင် ရေးဖွဲ့ထားသည့် “အလိုချင်ဆုံးဆု” ဝတ္ထုတို့ကို တင်ဆက်ထားပါသည်။ ထို့ပြင် မျိုးနွယ်တူအပေါင်းအသင်းများထဲမှ ကောက်ကျစ်သောအကြံအစည်ဖြင့် ခွဲထွက်ခဲ့သော ဝံပုလွေ၏ ဒုက္ခရောက်ရပုံကို တင်ဆက်ထားသည့် “မိုက်မဲသော ဝံပုလွေ”  ပုံပြင်ကိုလည်း တင်ဆက်ထားပါသည်။ ထို့ပြင် ကလေးတို့အနေဖြင့် ရုပ်ပုံထဲတွင် ဝှက်ထားသည့် မြန်မာအက္ခရာ ၁၀လုံးကို မျက်စိလျင်လျင်ဖြင့် ရှာဖွေနိုင်မည့် “ရုပ်ပုံကားချပ်ထဲတွင် ဝှက်ထားတဲ့ မြန်မာအက္ခရာ ၁၀လုံးကို ရှာဖွေကြည့်ပါ” ဉာဏ်စမ်းနှင့် မိမိပြုလုပ်သော ကောင်းမှုနှင့် မကောင်းမှုတို့၏ အကျိုးကို ပြန်လည်ခံစားရမည်ဖြစ်ကြောင်းကို ဗဟုသုတရဖွယ် ရေးဖွဲ့စပ်ဆိုထားသည့် “တုံ့ပြန်ညီမျှ” ကဗျာတို့ကိုလည်း ထည့်သွင်းဖော်ပြထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် နာမ်စား (pronoun) များအကြောင်းကို လေ့ကျင့်ခန်းများနှင့်တကွ ဆက်လက်လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၃၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊      ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။

ဆက်စပ် စာအုပ်များ
အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

 အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

ရွှေသွေးဂျာနယ်အကြောင်း
ရွှေသွေးဂျာနယ်အကြောင်း

ရွှေသွေးဂျာနယ်အကြောင်း

စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

အသစ်ထွက်ရှိသောစာအုပ်များ
ပခုက္ကူစာပေဆုရ စာအုပ်ဖြန့်ချိရောင်းချ ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ပခုက္ကူစာပေ ဆု၊  ကျမ်းစာပေ ပထမဆုရရှိသည့် စာရေးဆရာ ကိုတိုး (ရန်ကင်း)၏  ‘ကုန်းဘောင်ခေတ်စာဆို လက်ဝဲသုန္ဒရ၏ ဘဝနှင့် စာပေ’စာအုပ်ကို ဖြန့်ချိ ရောင်းချ
လစဉ်ပေးပို့သောစာအုပ်များ
book Title
  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • စာမူများ
  • အရောင်းဌာန
  • ပုံနှိပ်ရေး
  • စာအုပ်များ
  • အခမ်းအနားများ
  • သုတပဒေသာစာစောင်
  • စာကြည့်တိုက်
  • ပြည်သူ့လက်စွဲစာစဉ်
  • စာပေရေချမ်းစင်
  • ရွှေသွေး
books
  • ၃၁-၅-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၂) e-book ထွက်ရှိ

    02-Jun-2025
  • ၃၁ - ၅ - ၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၂) ထွက်ရှိ

    30-May-2025
  • ၂၀၂၅ ခုနှစ်၊ မေလ ၃၀ ရက်ထုတ် အတွဲ (၇၈)၊ အမှတ် (၂၂) ပြန်တမ်းစာစောင်ကို စာပေဗိမာန် စာအုပ်အရောင်းဆိုင်များမှ တစ်ဆင့် စတင်ဖြန့်ချိ

    29-May-2025
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2025 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman