• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး

ရွှေသွေးဂျာနယ်

  1. ပင်မစာမျက်နှာ
  2. စာပေဗိမာန်ထုတ် စာအုပ်များ
  3. ရွှေသွေးဂျာနယ်
(၇-၁-၂၀၁၇) ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၄၉)၊ အမှတ် (၁) ထွက်ရှိ

(၇-၁-၂၀၁၇) ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၄၉)၊ အမှတ် (၁) ထွက်ရှိ

တန်ဖိုး - ၂၅၀ကျပ်

ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးက အသက် (၁၂) နှစ် အောက် ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတေ်၀လျက်ရှိရာ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ၊ ၇ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၄၉)၊ အမှတ် (၁) ၌ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းစဉ်က ထင်ရှားကျော်ကြားခဲ့သော မျိုးချစ်ပုဂ္ဂိုလ်ဆရာစံ၏ တောင်သူလယ်သမားအရေးတော်ပုံကို ကလေးများ ဗဟုသုတဖြစ်ဖွယ် တင်ဆက်ထားပါသည်။ စိတ်ကောင်းနှလုံးကောင်းရှိသူ ဘဲလေး၏ သတိပေး စကားကြောင့် အန္တရာယ် ကျရောက်တော့မည့် ဘဲတစ်အုပ်ကို အချိန်မီကယ်တင်လိုက်နိုင်ပုံနှင့် ဇွဲမလျှော့ အားမပျော့သည့် သမင်လေး အသက်ချမ်းသာရာရသွားပုံကို နှစ်မျက်နှာဇာတ်လမ်းတို့ဖြင့် တင်ဆက်ထားပါသည်။

မြန်မာစာစကားလုံးများကို သုံးစွဲရာ၌ စကားလုံးတစ်လုံးတည်းသည်ပင် သုံးနှုန်းပုံအဓိပ္ပာယ် အမျိုးမျိုး ရှိပုံနှင့် မကွေးမင်းကြီး၏ သတ်ထူးကဗျာတို့ကို မြန်မာစာစကားဝိုင်းကဏ္ဍတွင် သိရှိမှတ်သားနိုင်မည်ဖြစ်ပြီး ကလေးပုံပြင်ကဏ္ဍတွင်လည်း မြင်းလိမ္မာနှင့် သူ့သခင်တို့ ဇာတ်ကြောင်းလေးကိုဖတ်ရှု၍ ချစ်ခင်နှစ်သက်ဖွယ် သိင်္ဂါရရသနှင့် သနားကရုဏာသက်ဖွယ် ကရုဏာရသတို့ကို ခံစားရမည် ဖြစ်ပါသည်။ ထို့အပြင် ဇန်နဝါရီလအတွင်း မှတ်သားဖွယ်ရာနေ့များ အကြောင်းကို ဗဟုသုတရဖွယ် တင်ဆက်ထားပြီး ကလေးများ စိတ်ကြိုက် ဆေးပန်းချီခြယ်မှုန်း နိုင်မည့် ''ဆေးရောင်လှလှခြယ်ကြရအောင်'' ကဏ္ဍကိုလည်း ထည့်သွင်းထားပါသည်။

ကလေးတို့ အင်္ဂလိပ်စာအရည်အသွေး တိုးတက်ကောင်းမွန်စေရန် ရွှေသွေးစကားဝိုင်းကဏ္ဍတွင် 'Paying compliments' ဟူသော ချီးမွမ်းစကား၊ ချီးကျူးစကား ပြောဆိုပုံအမျိုးမျိုးကို တင်ဆက်ထားပြီး အင်္ဂလိပ်သဒ္ဒါ ကဏ္ဍတွင် 'look' ၏ အသုံးပြုပုံနှင့် သဒ္ဒါစည်းမျဉ်းဆိုင်ရာ တည်ဆောက်ပုံတို့ကို တင်ဆက်ထားရာ ကလေးတို့ အင်္ဂလိပ်စာ အခြေခံကောင်းမွန်လာစေရန် အထောက်အကူပြုမည်မှာ အမှန်ပင်ဖြစ်ပါသည်။
(၇-၁-၂၀၁၇) စနေနေ့တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ်ကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော် (သပြေကုန်းဈေး) ရှိ စာပေဗိမာန်စာအုပ်အရောင်းဆိုင်တို့နှင့် အမြို့မြို့အနယ်နယ်ရှိ စာအုပ်ဆိုင်များတွင် ၀ယ်ယူ ရရှိနိုင်ပါသည်။ မူရင်းဈေးနှုန်းမှာ ၂၅ဝိ/- ဖြစ်ပါသည်။   


ဆက်စပ် စာအုပ်များ
အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

 အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

ရွှေသွေးဂျာနယ်အကြောင်း
ရွှေသွေးဂျာနယ်အကြောင်း

ရွှေသွေးဂျာနယ်အကြောင်း

စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

အသစ်ထွက်ရှိသောစာအုပ်များ
 “မွေးရပ်မြေနှင့် သူငယ်ချင်းနှင့် သုတရသ ဝတ္ထုတိုပေါင်းချုပ်”
လစဉ်ပေးပို့သောစာအုပ်များ
book Title
  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • စာအုပ်များ
  • အခမ်းအနားများ
  • ပုံနှိပ်ရေး
  • စာပေဗိမာန်
  • စာပေရေချမ်းစင်
  • အရောင်းဌာန
  • ပြိုင်ပွဲများ
  • ပြည်သူ့လက်စွဲစာစဉ်
  • စာကြည့်တိုက်
  • သုတပဒေသာစာစောင်
books
  • ၁၄-၆-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၄) e-book ထွက်ရှိ

    16-Jun-2025
  • ၁၄-၆-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၄)ထွက်ရှိ

    13-Jun-2025
  • ၇-၆-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၃) e-book ထွက်ရှိ

    10-Jun-2025
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2025 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman