ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတေ်၀ရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးက အသက် (၁၂) နှစ်အောက် ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ၊ ၃၁ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၄၈)၊ အမှတ် (၅၃) ၌ အရေးကြုံလာလျှင် ဖြစ်လာသည့် ပြဿနာကို စိတ်အေးအေးထား၍ ဖြေရှင်းတတ်စေရန် မျက်နှာဖုံးဇာတ်လမ်းဖြင့် တင်ဆက်ထားပါသည်။ သူတစ်ပါးသွေးဆောင် ဖြားယောင်းသည်ကို နားမယောင်ဘဲ မိမိ၏ဉာဏ်ဖြင့် ဆင်ခြင်သုံးသပ် တတ်စေရန်နှင့် ပစ္စည်းများကို စည်းကမ်းရှိရှိ နေရာတကျထားတတ်စေရန် ပညာပေးသရုပ်ဖော်ဇာတ်လမ်းတို့ဖြင့် တင်ဆက်ထားပါသည်။
မြန်မာစာစကားလုံးများကို သုံးစွဲရာ၌ သတိပြုဖွယ်အသုံးအနှုန်းများကို မြန်မာစာစကားဝိုင်း ၌လည်းကောင်း၊ တစ်ဦးနှင့်တစ်ဦး ပေါင်းသင်းဆက်ဆံရာ၌ လေးလေးစားစားပွင့်ပွင့်လင်းလင်း ရှိမှသာ စည်းလုံးညီညွတ်မှုရှိမည်ကို ပုံပြင်ကဏ္ဍ၌လည်းကောင်း တင်ဆက်ထားပါသည်။ ထို့အပြင် ကလေးများ မျက်စိလျင်မှုနှင့် တိကျသေချာမှုကို စမ်းသပ်သည့် ရှာဖွေလေလေ တွေ့ရှိလေလေ ကဏ္ဍသစ်နှင့် ကလေးများဉာဏ်ထက်မြက်ရေးကို ဦးတည်သည့် စက္ကူခေါက်ကစားနည်းကိုလည်း တင်ဆက်ထားပါသည်။
ကလေးများ အင်္ဂလိပ်စာအရည်အသွေး တိုးတက်ကောင်းမွန်စေရန် တိရစ္ဆာန်အမည်တို့ကို ရုပ်ပုံလေးများနှင့်တကွ အင်္ဂလိပ်-မြန်မာနှစ်ဘာသာဖြင့် ရေးသားကာ တင်ဆက်ထားပါသည်။ အင်္ဂလိပ်စကားပြောကဏ္ဍ ၌ ''telling time and dates" အချိန်၊ နေ့၊ ရက်များအကြောင်း အပြန်အလှန် မေးမြန်းဖြေကြားပုံနှင့် ရွှေသွေးသဒ္ဒါကဏ္ဍတွင် "long" ၏ သဒ္ဒါစည်းမျဉ်းဆိုင်ရာ သုံးနှုန်းပုံအမျိုးမျိုးတို့ကို ဝေဝေဆာဆာ တင်ဆက်ထားရာ ကလေးများ အကြိုက်တွေ့မည်မှာ အမှန်ပင်ဖြစ်ပါသည်။
(၃၁-၁၂-၂၀၁၆) စနေနေ့တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ်ကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော် (သပြေကုန်းဈေး) ရှိ စာပေဗိမာန်စာအုပ်အရောင်းဆိုင်တို့နှင့် အမြို့မြို့အနယ်နယ်ရှိ စာအုပ်ဆိုင်များ တွင် ၀ယ်ယူ ရရှိနိုင်ပါသည်။ မူရင်းဈေးနှုန်းမှာ ၂၅ဝိ/- ဖြစ်ပါသည်။